ဂေဟစနစ်နှင့် လျော်ညီသော ထုတ်ကုန်များ အကောင်အထည်ဖော်မှု

ထုတ်ကုန်စစ်ဆေးမှုလုပ်ငန်းစဉ်
ကျွန်ုပ်တို့အနေဖြင့် ထုတ်ကုန်တစ်ခုနှင့်ပတ်သတ်၍ ဒီဇိုင်းရေးဆွဲခြင်းနှင့် အစီအစဉ်ရေးဆွဲခြင်းအဆင့်တိုင်းတွင် ထုတ်လုပ်မည့် ကုန်ပစ္စည်းများ၏ သဘာဝပတ်ဝန်းကျင်အပေါ်သက်ရောက်နိုင်မှုအတိုင်းအတာကို ထည့်သွင်းစဉ်းစားလေ့ရှိပါသည်။ ထိုသို့ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ Omron မှထုတ်လုပ်လိုက်သော ကုန်ပစ္စည်းများ၏ ထုတ်လုပ်မှုလုပ်ငန်းစဉ်များဖြစ်သည့် ထုတ်လုပ်ခြင်း၊ ဖြန့်ဝေခြင်း၊ အသုံးပြုခြင်း၊ ထိန်းသိမ်းခြင်း၊ ပြန်လည်ရုတ်သိမ်းခြင်း၊ ပြန်လည်အသုံးပြုခြင်း အဆင့်များတွင် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုး နည်းနိုင်သမျှနည်းစေရန် ရည်ရွယ်၍ ဖြစ်ပါသည်။ ထို့ပြင် ကျွန်ုပ်တို့၏ ထုတ်ကုန်များသည် သက်ဆိုင်ရာနိုင်ငံများ၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို သေချာလိုက်နာမှု ရှိစေရန်လည်း ရည်ရွယ်ပါသည်။
ပထမဦးစွာ အစီအစဉ်ရေးဆွဲခြင်း အဆင့်မှာပင် ပါဝင်မည့်အရာများကို သေချာ စနစ်တကျ စာရင်းပြုစုထားပါသည်။ ထို့နောက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှမဟုတ်သော တခြားအဖွဲ့အစည်းများမှ ဆန်းစစ်ရရှိလာသောအချက်အလက်များကို အဆင့်တိုင်းတွင် ကိုက်ညီမှုရှိစေရန် စစ်ဆေးပါသည်။ စစ်ဆေးသည့် အရာတစ်ခုတိုင်းအတွက် ဂေဟဆိုင်ရာသတ်မှတ်ချက်များထားရှိပြီးဖြစ်ကာ သတ်မှတ်ချက်များ အားလုံးနှင့် ပြည့်မှီမှသာ ကုန်ထုတ်လုပ်မှုအဆင့် စတင်ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ မူဝါဒများ

တားမြစ်ထားသော ဓာတုပစ္စည်းများ လုံးဝအသုံးမပြုခြင်း
