Acknowledgement and Consent

Omron uses cookies to improve your experience on this website. By continuing to use the website, you hereby agree to our ကိုယ်ပိုင်လွတ်လပ်ခွင့် နှင့် Cokkie မူဝါဒ.

ပိတ်သည်။
Healthcare Asia Pacific
အိမ် > ကျွနု်ပ်တို့အကြောင်း > စက်ရုံ

စက်ရုံ

Strategic Producer

Matsusaka Factory (Matsusaka စက်ရုံ)

Matsusaka Factory သည် Omron Healthcare အုပ်စု၏ ပင်မစက်ရုံကြီးဖြစ်ပြီး Pressure Sensors များနှင့် ထုတ်ကုန်များ၏ အဓိကအစိတ်အပိုင်းများအပြင် ဆေးပစ္စည်း ကိရိယာများထုတ်လုပ်ပေးနေသော မဟာဗျူဟာအရ အရေးပါသည့် စက်ရုံကြီးဖြစ်ပါသည်။

Global Supplier (တစ်ကမ္ဘာလုံးရှိ ထောက်ပံ့ရေးစက်ရုံများ)

Omron Dalian

တစ်ကမ္ဘာလုံးရှိ အိမ်တွင်းသုံး Omron ပစ္စည်း ကိရိယာများ၏ ၉၀ရာခိုင်နှုန်းကျော်ကို ထောက်ပံ့ပေးနေသော တရုတ်နိုင်ငံမှ Omron Dalian အုပ်စုသည် ထုတ်လုပ်မှုအင်အားကောင်းပြီး အရည်အသွေးမြင့်ထုတ်ကုန်များကို ဈေးသက်သက်သာသာဖြင့် အချိန်တိုအတွင်း ထုတ်လုပ်ပေးနေပါသည်။

Omron Healthcare Manufacturing Vietnam

၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလတွင် အရေအတွက်များများ တိုးမြှင့်ထုတ်လုပ်နိုင်စေရန်နှင့် ၂၀၁၀ ခုနှစ်တွင် အိမ်တွင်းသုံး သွေးပေါင်ချိန်တိုင်းစက် စုစုပေါင်း ၄၅၀၀၀၀ ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ ဗီယက်နမ်နိုင်ငံတွင် ထုတ်လုပ်ရေးစက်ရုံ အသစ်ဖွင့်လှစ်ခဲ့ပါသည်။

ISO certified Quality (ISO လက်မှတ်ရရှိပြီးသော အရည်အသွေး)

ကျွန်ုပ်တို့သည် International Organization for Standardization မှအရည်အသွေးပြည့်မှီသည်ဟု အသိအမှတ်ပြုထားသော ဆေးပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းဖြစ်ပါသည်။ OMRON Healthcare သည် ISO9001 (အရည်အသွေးနှင့် ပတ်သတ်၍ စိတ်ချရမှု) နှင့် ISO13485 (အရည်အသွေးပြည့်မှီသော ဆေးပစ္စည်းများ စီမံခန့်ခွဲမှုစနစ်) ကို ၂၀၁၄ ခုနှစ်တွင် ရရှိခဲ့ပါသည်။ OMRON Matsusaka သည် ISO9001 ကို ၁၉၉၉ ခုနှစ်တွင်လည်းကောင်း၊ ISO13485 ကို ၂၀၀၃ ခုနှစ်တွင် လည်းကောင်း၊ OMRON Dalian သည် ISO9001 နှင့် ISO13485 ကို ၂၀၀၄ ခုနှစ်တွင်လည်းကောင်း၊ OMRON ဗီယက်နမ်သည် ISO9001 နှင့် ISO13485 ကို ၂၀၀၈ ခုနှစ်တွင်လည်းကောင်း ISO14001 ကို ၂၀၁၀ ခုနှစ်တွင် လည်းကောင်း ရရှိထားပါသည်။