Acknowledgement and Consent

Omron uses cookies to improve your experience on this website. By continuing to use the website, you hereby agree to our ကိုယ်ပိုင်လွတ်လပ်ခွင့် နှင့် Cokkie မူဝါဒ.

ပိတ်သည်။
Healthcare Asia Pacific
အိမ် > ဝက်ဆိုဒ်တွင် အသုံးပြုသော အသုံးအနှုန်းများ

ဝက်ဆိုဒ်တွင် အသုံးပြုသော အသုံးအနှုန်းများ

ဝဘ်ဆိုက်ကိုဝင်ရောက်အသုံးပြုခြင်း

အိုမရွန်(Omron) စင်ကာပူ ကျန်းမာရေးစောင့်ရှောက်မှု ကုမ္ပဏီလီမိတက်နှင့် အရှေ့အာရှမှအပ အာရှပစိဖိတ်ဒေသတွင်းရှိ တွဲဖက်ကုမ္ပဏီများအနေဖြင့် အိုမရွန်ဝဘ်ဆိုဒ်အား
ခဏတာအသုံးပြုမည့်သူကိုဖြစ်စေ စာရင်းသွင်းပြီး အသုံးပြုမည့်သူကိုဖြစ်စေ ဝဘ်ဆိုဒ်အသုံးပြုပုံများကို ဤစာစောင်ဖြင့် အသိပေးကြေညာလိုက်သည်။
ဤစာစောင်ပါ သင် ဟူသောဝေါဟာရသည် ဝဘ်ဆိုဒ်အသုံးပြုမည့်သူအား ရည်ညွှန်းခြင်းဖြစ်သည်။
သင်သည် ဝဘ်ဆိုဒ်အသုံးမပြုမီ အသုံးပြုနည်း၊ ဆောင်ရန်ရှောင်ရန်အချက်များကို သေချာစွာမှတ်သားထားရပါမည်။
ဝဘ်ဆိုဒ်အား စတင်အသုံးပြုပါက ထိုအချက်များအားလုံးကို နားလည်လက်ခံသဘောတူပြီးဖြစ်သည်ဟု ယူဆပါမည်။
အကယ်၍ သဘောမတူနိုင်ပါက ဝဘ်ဆိုဒ်အား အသုံးမပြုပါနှင့်။

ဝဘ်ဆိုက်အားဝင်ရောက်နိုင်မှုကို ယာယီသာ ခွင့်ပြုမည်ဖြစ်သည်။ ကျွနု်ပ်တို့ဝဘ်ဆိုက်တွင် ပေးထားသော ဝန်ဆောင်မှုများကို ကြိုတင်အသိမပေးပဲ
အချိန်မရွေး ပြန်လည်ရုပ်သိမ်းနိုင်ခွင့်ရှိသည်။
အကြောင်းတစ်စုံတစ်ရာကြောင့် ဝဘ်ဆိုက်အသုံးပြု၍မရခြင်းလည်း အချိန်မရွေးဖြစ်ပေါ်နိုင်သည်။
ထိုသို့ဖြစ်ပေါ်ခြင်းအတွက် ကျွနု်ပ်တို့ဘက်မှတာဝန်ယူဖြေရှင်းမည် မဟုတ်ပါ။

ဝဘ်ဆိုက်၏ တစ်စိတ်တစ်ဒေသအား ဝင်ရောက်မှုကို ပိတ်ပင်ခြင်း (သို့မဟုတ်) အချို့အသုံးပြုသူများကို ပိတ်ပင်ခြင်းများလည်း အချိန်မရွေး ရှိနိုင်ပါသည်။

အသုံးပြုသူအဖြစ်သတ်မှတ်ပေးသောကုဒ်၊ လျှို့ဝှက်နံပါတ်(သို့မဟုတ်) ကျွနု်ပ်တို့၏ လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက် တစ်စုံတစ်ရာအား
သိရှိခဲ့ပါက ထိုအချက်အလက်များကို လျှို့ဝှက်ထားရမည်။
အခြားမည်သည့်အဖွဲ့အစည်းကိုမှ ထုတ်ဖော်ပြောကြားခြင်းမရှိစေရ။
အကယ်၍ ညွှန်ကြားချက်ကို မလိုက်နာပါက အသုံးပြုသူအဖြစ်သတ်မှတ်ပေးသောကုဒ်၊ လျှို့ဝှက်နံပါတ် ကိုအချိန်မရွေးဖျက်သိမ်းပိုင်ခွင့်ရှိသည်။

ဉာဏ်ပညာဖန်တီးမှု မူပိုင်ခွင့်

ဝဘ်ဆိုက်အတွင်းရှိ ဉာဏ်ပညာဖြင့် ဖန်တီးထားမှုအားလုံးနှင့် ဝဘ်ဆိုက်တွင်တင်ထားသော အကြောင်းအရာများ အားလုံးတို့သည်
ကျွနု်ပ်တို့၏ တစ်ဦးတည်းမူပိုင်ဖြစ်သည်။ ထိုအကြောင်းအရာများအားလုံးကို ကမ္ဘာတစ်ဝှမ်းရှိ မူပိုင်ခွင့်ဥပဒေများဖြင့် ကာကွယ်ထားသည်။

ကျွနု်ပ်တို့ထံတွင် လိုင်စင်တင်ထားခြင်း၊ ကျွနု်ပ်တို့ထံမှ တာဝန်ရှိသူ၏ခွင့်ပြုထားခြင်း မရှိပဲ
ဝဘ်ဆိုက်ပေါ်က မည်သည့်အကြောင်းအရာကိုမှ စီးပွားရေးအတွက်အသုံးပြုခွင့်မရှိပါ။

ဝဘ်ဆိုက်တွင်တင်ထားသော မည်သည့်စာမျက်နှာကိုမဆို သင့်အတွက် အကိုးအကားအဖြစ်ဖြစ်စေ၊
သင့်အဖွဲ့အစည်းအတွင်းရှိသူများအား ကျွနု်ပ်တို့၏ကုန်ပစ္စည်းများအကြောင်း မိတ်ဆက်လိုလျှင်ဖြစ်စေ ပရင့်ထုတ်၍လည်းကောင်း၊
ဒေါင်းလုဒ်ဆွဲ၍လည်းကောင်း အသုံးပြုနိုင်ပါမည်။

ပရင့်ထုတ်ထားသော၊ ဒေါင်းလုဒ်ဆွဲထားသော အကြောင်းအရာများကို မိမိသဘောဖြင့် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ဓာတ်ပုံများ၊
ဗီဒီယိုဖိုင်များ၊ အသံဖိုင်များ၊ အလူစထရေးရှင်းများ ထည့်သွင်းခြင်း၊တည်းဖြတ်ခြင်းများ မပြုလုပ်ရ။

ကုန်ပစ္စည်းများ၏မူပိုင်ရှင်အဖြစ်ဖြင့် ဝဘ်ဆိုက်ပေါ်တွင် တင်ထားသော ကြေငြာချက်များသာလျှင် အတည်ဖြစ်သည်။

သတင်းအချက်အလက်အပေါ် အာမခံနိုင်မှု

ဝဘ်ဆိုက်တွင်တင်ထားသော ပစ္စည်းများသည် မည်သည့်အကြံဉာဏ်ကိုမှပေးရန် မရည်ရွယ်ပါ။
သို့သော် ရောဂါရှာဖွေနိုင်သည့် ဆေးပညာနှင့်ဆိုင်သော ကုန်ပစ္စည်းများနှင့် ပတ်သတ်၍
အကြံပြုချက်လိုအပ်သည်ဟု ယူဆပါက အကြံယူနိုင်သည်။
ထိုပစ္စည်းများ၏အကြံပြုချက်များကြောင့် ဖြစ်ပေါ်လာသော ကိစ္စရပ်များအတွက် ကျွနု်ပ်တို့တွင် တာဝန်ခံမှုမရှိပါ။

အိုမရွန်(Omron)အမှတ်တံဆိပ်သည် ကျန်းမာရေးစောင့်ရှောက်မှုှနှင့် ပတ်သတ်သော မည်သည့်အကြံဉာဏ်ကိုမှ မပေးပါ။
ဝဘ်ဆိုက်မှတစ်ဆင့်လည်း ကျန်းမာရေးဝန်ထမ်းများ၏ ဆေးကုသမှုများနှင့် အကြံပြုချက်များကို အစားထိုးရန်မရည်ရွယ်ပါ။

ဝဘ်ဆိုက်၏ပုံမှန်ပြောင်းလဲချက်များ

ဝဘ်ဆိုက်ကို ကျွန်ုပ်တို့ကြိုးစားပြီး ပုံမှန်အဆင့်မြှင့်တင်ပါသည်။
ပါဝင်သောအချက်အလက်များကိုလည်း အချိန်မရွေးပြောင်းလဲမှုရှိနိုင်ပါသည်။
လိုအပ်ပါက ဝဘ်ဆိုက်သို့ဝင်ရောက်မှုများကို ဆိုင်းငံ့ခြင်း(သို့မဟုတ်) အကန့်အသတ်မရှိ ပိတ်ထားခြင်း ပြုလုပ်မည်ဖြစ်ပါသည်။
ဝဘ်ဆိုက်ပေါ်ရှိ မည်သည့်ပစ္စည်းမဆို အချိန်မရွေး ဒိတ်လွန်သွားနိုင်ပြီး ထိုအရာများကို update တင်ရန်ကျွနု်ပ်တို့တွင် တာဝန်မရှိပါ။

ကျွနု်ပ်တို့၏ တာဝန်

ဝဘ်ဆိုက်ပေါ်တွင် ပြသထားသော ပစ္စည်းများသည် အာမခံမပါဝင်ပါ။
ပြဋ္ဌန်းထားသောဥပဒေအရ ကျွနု်ပ်တို့၊ ကျွနု်ပ်တို့ကုမ္ပဏီအုပ်စု၏အဖွဲ့ဝင်ကုမ္ပဏီ၊
တခြားသောပြင်ပအဖွဲ့အစည်းများသည် အာမခံနှင့်ပတ်သတ်၍ ငြင်းဆိုပါသည်။

  • All conditions, warranties and other terms which might otherwise be implied.
  • ဝဘ်ဆိုက်ပေါ်တွင်တင်ထားသော မည်သည့်ပစ္စည်းဖြစ်စေ၊ ဝဘ်ဆိုက်အသုံးပြုခြင်းကြောင့်ဖြစ်စေ၊
    ဝဘ်ဆိုက်ကိုအသုံးမပြုနိုင်ခြင်းကြောင့်ဖြစ်စေ၊ ကြုံတွေ့ရသော ကျွနု်ပ်တို့ဝဘ်ဆိုက်နှင့်ချိတ်ဆက်ထားသ ူ(သို့မဟုတ်) ချိတ်ဆက်ထားသူနှင့် အဆက်အသွယ်ရှိသူ
    တစ်ဦးဦးကကြုံတွေ့ရသော တိုက်ရိုက်ဖြစ်စေ၊ တစ်ဆင့်ခံဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိခိုက်နစ်နာစေမှု တစ်စုံတစ်ရာအတွက် တာဝန်ယူမှု
  • ဝင်ငွေဆုံးရှုံးခြင်း
  • အလုပ်ဆုံးရှုံးခြင်း
  • အကျိုးအမြတ်ဆုံးရှုံးခြင်း
  • စုငွေဆုံးရှုံးခြင်း
  • အချက်အလက်ဆုံးရှုံးခြင်း
  • စိတ်အနှောင့်အယှက်ဖြစ်ခြင်း
  • စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း
  • ပေါ့ဆမှု(သို့) တခြားသောအကြောင်းကြောင်းကြောင့် ထိခိုက်မှု (သို့မဟုတ်)သေဆုံးခြင်း

ထိုအရာများသည် ဥပဒေအရ ကျွနု်ပ်တို့၏ တာဝန်အပေါ် သက်ရောက်မှုမရှိပါ။

လျော်ကြေး

Omron ဝဘ်ဆိုက်ကိုလည်းကောင်း၊ ဝဘ်ဆိုက်နှင့်ပတ်သတ်သော အကြောင်းအရာတစ်ခုကိုလည်းကောင်း
စည်းမျဉ်းများကို ကျော်လွန်၍အသုံးပြုပါက Omronသို့ လျော်ကြေးအပါအဝင် ရှေ့နေခကိုပါပေးဆောင်ရန်သင်သဘောတူထားပြီးဖြစ်သည်။

သင်နှင့် သင်၏ ဝဘ်ဆိုက်ကိုဝင်ရောက်မှုအတွက် သတင်းအချက်အလက်များ

ကျွနု်ပ်တို့၏ ကိုယ်ပိုင်မူဝါဒနှင့် cookieမူဝါဒများအရ သင့်ရဲ့သတင်းအချက်အလက်များကို ကျွနု်ပ်တို့ရယူထားမည်ဖြစ်သည်။
ဝဘ်ဆိုက်ကိုအသုံးပြုခြင်းအားဖြင့် ထိုသို့အသုံးပြုရန် သင်ခွင့်ပြုပြီးဖြစ်သည်ဟုယူဆပါသည်။

တုံ့ပြန်ချက်

ဝဘ်ဆိုက်မှသင်တင်လိုက်သော (သို့မဟုတ်) ပေးပို့သောအချက်အလက်များ၊ မှတ်ချက်များ၊ အကြံပြုချက်များ(သို့)တုံံ့ပြန်ချက်
စသည့်အချက်လက်များ၊ မည်သည့်အချက်အလက်မဆို လျှို့ဝှက်ခြင်းနှင့် စီးပွားဖြစ်မဟုတ်ဟု ယူဆရမည်။
ပြသခြင်း၊ပြောင်းလဲခြင်း၊တို့အပြင် အွန်မရွန်သည် ဤတုန့်ပြန်ချက်တွင်ပါရှိသော မည်သည့်အကြံဉာဏ်များ၊
သဘောတရားများ၊ ဗဟုသုတ(သို့)နည်းစနစ်ကိုမဆို မည်သည့် ရည်ရွယ်ချက်အတွက်မဆို လွတ်လပ်စွာအသုံးပြုခွင့်ရှိရမည်။
သို့သော် ထိုကဲ့သို့တုန့်ပြန်ချက်များ ပါဝင်သော ထုတ်ကုန်များကိုထုတ်လုပ်ခြင်း၊ ရောင်းချခြင်းတို့အတွက် ကန့်သတ်ချက်မရှိပါ။
ညစ်ညမ်းသော၊ပုန်ကန်ရန်၊ ထိုးနှက်ရန်၊ လူမျိုးရေးမုန်းတီးမှု၊ ခွဲခြားဆက်ဆံမှု၊ အမုန်းပွားမှု၊
ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ ကိုယ်ရေးလုံခြုံမှုချိုးဖောက်မှုကဲ့သို့ စိတ်ညစ်ညူးစေနိုင်သော၊ ကြည့်ရှုသူအဆင်ပြေဖြစ်စေနိုင်သော၊
လိုင်စင်လိုအပ်သော၊သက်ဆိုင်ရာနိုင်ငံက ရာဇဝတ်မှုဟုသတ်မှတ်ထားသော၊ သက်ဆိုင်ရာအစိုးရ၏ ခွင့်ပြုချက်လိုအပ်သော၊
ဥပဒေနှင့်မညီသော၊ တုံ့ပြန်ချက်များ၊ အချက်အလက်များပါဝင်သော

မည်သည့်တုန့်ပြန်ချက်ကိုမဆို ဝဘ်ဆိုက်သို့တင်ပို့ခြင်း (သို့)ထုတ်လွှင့်ခြင်းကို သင့်အားတားမြစ်သည်။

  • that is threatening, defamatory, obscene, indecent, seditious, offensive, pornographic, abusive, liable to incite racial hatred, discriminatory, menacing, scandalous, inflammatory, blasphemous, in breach of confidence, in breach of privacy or which may cause annoyance or inconvenience;
  • for which you have not obtained all necessary licences and/or approvals; or
  • which constitutes or encourages conduct that would be considered a criminal offence, give rise to civil liability, or otherwise be contrary to the law of or infringe the rights of any third party any other country in the world.

ဗိုင်းရပ်စ်၊ ဟက်ခ်ခြင်းနှင့် အခြားတရားမဝင် အသုံးပြုမှုများ

သင်သည် ဗိုင်းရပ်စ်၊ Trojans, worms, logic bomb နှင့် တခြားသော ဝဘ်ဆိုက်အားနည်းပညာအရ ထိခိုက်စေမည့် အချက်အလက်များကို သိသိရက်နှင့်
ဝဘ်ဆိုက်အတွင်းသို့ထည့်သွင်းအသုံးမပြုရ။ ဝဘ်ဆိုက်၏ခွင့်မပြုထားသောနေရာများသို့ ဝင်ရောက်ခြင်းမပြုရ။
ထို့အတူ ဝဘ်ဆိုက်တည်ရှိရာ ဆာဗာကွန်ပြူတာ၊ (သို့မဟုတ်) ဝဘ်ဆိုက်နှင့်ချိတ်ဆက်ထားသောဆာဗာအား
ခွင့်ပြုမှုမရှိဘဲ မဝင်ရ။ Denial-of-service attack (သို့) distributed denial-of-service-attack သည် ကွန်ပြူတာ၏ စွမ်းအင်များကို
ကုန်ခမ်းအောင် တိုက်ခိုက်ခြင်းဖြင့် အမှန်တကယ် အသုံးပြုသူအား အသုံးပြု၍မရဖြစ်စေသည်။အပါအဝင် မည်သည့်နည်းနှင့်မျှ တိုက်ခိုက်ခြင်းမပြုရ။

သင်သည် ဤဝဘ်ဆိုက်အားအသုံးပြု၍ဖြစ်စေ၊ ဝဘ်ဆိုက်တွင်ဖော်ပြထားသည်များကို ဒေါင်းလုဒ်ဆွဲ၍ဖြစ်စေ
ဝဘ်ဆိုက်နှင့်ချိတ်ဆက်ထားသော အခြားဆိုက်များကိုအသုံးပြု၍ဖြစ်စေ ဗိုင်းပ်ရပ်စ် (သို့) DDSA (သို့) အခြားနည်းပညာကိုပျက်စီးစေသောအရာများကြောင့်
သင်၏ကွန်ပြူတာနှင့် ကွန်ပြူတာပါ အချက်လက်များ ပျက်စီးဆုံးရှုံးမှုဖြစ်ပါက ကျွနု်ပ်တို့မှတစ်စုံတစ်ရာတာဝန်ယူဖြေရှင်းမည်မဟုတ်ပါ။

ဝဘ်ဆိုက်နှင့်လင့်ခ်ချိတ်ခြင်း

သင်သည် ကျွနု်ပ်တို့ဟုမ်းပေ့ချ်အား လင့်ခ်ချိတ်နိုင်သည် သင့်အား တရားဝင်ထိုသို့လုပ်ခွင့်ပေးထားခြင်းဖြစ်ပြီး ကျွနု်ပ်တို့ကိုလည်း
တစ်စုံတစ်ရာထိခုက်မှုမရှိပေ။ သို့သော်သင်သည် ခွင့်ပြုချက်မရဘဲ လင့်ခ်ထုတ်ပြန်ခွင့်မရှိပါ။
သင် မပိုင်ဆိုင်သည့် မည်သည့်ဆိုက်တွင်မှ ထုတ်ပြန်ခွင့်မရှိပါ။
ဤဝဘ်ဆိုက်သည် တခြားမည်သည့်ဝဘ်ဆိုက်ကိုမှ အခြေခံထားခြင်းမရှိပေ။
ထို့အတူ သင်သည်လည်း ဝဘ်ဆိုက်၏ဟုမ်းပေ့ချ်မှလွဲ၍ အခြားနေရာများကို လင့်ခ်ချိတ်ခွင့်မရှိပါ။
ကျွနု်ပ်တို့သည် လင့်ခ်များကို ကြိုတင်အသိမပေးဘဲ ပယ်ဖျက်ခွင့်ရှိသည်။
ဝဘ်ဆိုက်အားခွင့်ပြုထားသည်ထက်ပိုမိုအသုံးပြုလိုပါက ohs-feedback@ap.omron.comသို့ လိပ်မူ၍ မေးမြန်းနိုင်ပါသည်။

You must not establish a link from any website that is not owned by you.

The Website must not be framed on any other site, nor may you create a link to any part of the Website other than the home page. We reserve the right to withdraw linking permission without notice.

If you wish to make any use of material on the Website other than that set out above, please address your request to ohs_feedback@ap.omron.com.

ဝဘ်ဆိုက်မှလင့်ခ်များ

ဤဝဘ်ဆိုက်တွင်အခြားသူများမှ တင်ပြထားသော သတင်းအရင်းအမြစ်များ၊ လင့်ခ်များမှာ သင့်အတွက် သတင်းရယူရန်သာဖြစ်သည်။
ထိုလင့်ခ်များနှင့်ပတ်သတ်၍ ကျွနု်ပ်တို့တစ်စုံတစ်ရာ ထိန်းချုပ်ထားခြင်းမရှိပါ။
၎င်းတို့နှင့်ပတ်သတ်၍ ပြသနာတစ်စုံတစ်ရာဖြစ်ပွားပါကလည်း တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။

အသုံးပြုနည်းနှင့်သက်ဆိုင်သောပြောင်းလဲခြင်းများ

အသုံးပြုပုံအညွှန်းများနှင့်ပတ်သတ်၍ ကျွနု်ပ်တို့သည် ဤစာမျက်နှာတွင်ဖော်ပြခြင်းဖြင့် အသစ်ပြန်လည်ပြင်ဆင်နိုင်သည်။
ကျွနု်တို့ပြုလုပ်သောအပြောင်းအလဲများကို အချိန်နှင့်တစ်ပြေးညီသိရှိရန် သင်သည် ဤစာမျက်နှာအားအချိန်တိုင်းဝင်ရောက်ကြည့်ရှုနေသင့်သည်။
အသုံးပြုပုံအညွှန်းတွင်ပါဝင်သော အချို့ဖော်ပြချက်များကို ဝဘ်ဆိုက်တွင်ထုတ်ပြန်ထားသောထုတ်ပြန်ချက်များဖြင့် အစားထိုးဖော်ပြခြင်းလည်းရှိသည်။

ဥပဒေနှင့်သက်ဆိုင်သော ဖော်ပြချက်များ

အထက်ပါအသုံးပြုပုံအညွှန်းများသည် လက်ရှိစင်ကာပူနိုင်ငံ၏ တည်ဆဲဥပဒေများနှင့် အကျုံးဝင်သည်။
ဥပဒေနှင့်သက်ဆိုင်သောအငြင်းပွားမှုတစ်စုံတစ်ရာရှိပါက စင်ကာပူတွင်တည်ရှိသောတရားရုံးနှင့်
ဂျူရီလူကြီးများ၏ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်၏။
ဤစာပိုဒ်တွင်ဖော်ပြထားသောအချက်များနှင့်မကိုက်ညီသော မည်သည့်တရားရုံးတွင်မှ ဤဝဘ်ဆိုက်အသုံးပြုမှုနှင့်ပတ်သတ်၍ဆုံးဖြတ်ပိုင်ခွင့်မရှိပေ။

ဆက်သွယ်ရန်

ဝဘ်ဆိုက်တွင်ပါဝင်သောအကြောင်းအရာများနှင့်ပတ်သတ်၍ တစ်စုံတစ်ရာမေးမြန်းလိုလျှင်(သို့) အသုံးပြုပုံအညွှန်းနှင့်ပတ်သတ်၍ တစ်စုံတစ်ရာမေးမြန်း၊
အကြံပြုလိုပါက ohs_feedback@ap.omron.com သ ို့အီးမေးလ်ပို့၍ဖြစ်စေ၊
Omron Healhcare Singapore Pte.Ltd.Marketing and Communication Department.438A Alexandra Road#05-05/08 Alexandra Techopark Singapore 11997သို့ လိပ်မူ၍ဖြစ်စေ စာပို့နိုင်ပါသည်။

ကျွနု်ပ်တို့ဝဘ်ဆိုက်အားလာရောက်ကြည့်ရှုခြင်းကို ကျေးဇူးတင်ပါသည်။