Healthcare Asia Pacific
အိမ် > ပတ်ဝန်းကျင် > ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ မူဝါဒများ

ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ မူဝါဒများ



Omron လုပ်ငန်းစု၏ ဆောင်ပုဒ်နှင့် Omron မှ ချမှတ်ထားသော မူဝါဒများအတိုင်းလိုက်နာ၍ ကျွန်ုပ်တို့သည် စီမံခန့်ခွဲမှုအရင်းအမြစ်များဖြစ်သည့် လူသားအရင်းအမြစ်၊ ကုန်ပစ္စည်း၊ ငွေကြေးနှင့် စွမ်းအင် များကိုအစွမ်းကုန် ထိရောက်စွာအသုံးပြု၍ အသုံးဝင်သော ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများကို တစ်ကမ္ဘာလုံးသို့ ထိရောက်စွာ ထောက်ပံ့နိုင်ရန် လုပ်ဆောင်လျက်ရှိပါသည်။

မူဝါဒ ၁

Omron အုပ်စု၏ စီးပွားရေးလုပ်ငန်းများ၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများမှ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို ထည့်သွင်းစဉ်းစားပြီး ကျွန်ုပ်တို့သည် တစ်ကမ္ဘာလုံးတွင် ပတ်ဝန်းကျင်ထိန်းသိမ်းမှုစနစ်ကို ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ပါသည်။

မူဝါဒ နှစ်

ပတ်ဝန်းကျင်အပေါ်သက်ရောက်မှုရှိနိုင်သည့် လုပ်ငန်းများတွင် ကျွန်ုပ်တို့သည် ချမှတ်ထားသော ဥပဒေများနှင့် တခြားစည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်မည်ဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းမှုလုပ်ဆောင်ရန်နှင့် ပတ်ဝန်းကျင်ညစ်ညမ်းခြင်းမှ ကာကွယ်ရန်လည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မူဝါဒ ၃

ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာမူဝါဒအောက်တွင် ကျွန်ုပ်တို့သည် ရည်မှန်းချက်များ၊ Target များနှင့် အစီအစဉ်များကို အကောင်အထည် ဖော်မည်ဖြစ်သလို အခါအားလျော်စွာလည်း ၎င်းတို့အား ပြန်လည်စီစစ်ခြင်း၊ ပို၍တိုးတက်အောင်အဆင့်မြှင့်တင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့်ဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ပါသည်။

မူဝါဒ ၄

ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ မူဝါဒကို လွယ်ကူချောမွေ့စွာနှင့် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ကျွန်ုပ်တို့၏ အလုပ်သမားအားလုံးအပြင် Omron အုပ်စုနှင့် လက်တွဲလုပ်ကိုင်နေသောသူများကိုလည်း ပတ်ဝန်းကျင် ထိန်းသိမ်းမှုနှင့်ပတ်သက်၍ ပညာပေးခြင်းနှင့် လှုပ်ရှားမှုများပြုလုပ်သွားမည် ဖြစ်ပါသည်။

မူဝါဒ ၅

ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာမူဝါဒများနှင့် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုများကို ပြည်သူလူထုသို့ လိုအပ်သလို အခါအားလျော်စွာ ထုတ်ပြန်ကြေညာသွားမည် ဖြစ်ပါသည်။