Healthcare Asia Pacific
အိမ် > ပတ်ဝန်းကျင် > တားမြစ်ထားသော ဓာတုပစ္စည်းများ လုံးဝအသုံးမပြုခြင်း

တားမြစ်ထားသော ဓာတုပစ္စည်းများ လုံးဝအသုံးမပြုခြင်း



ကျွန်ုပ်တို့ Omron Healthcare အနေဖြင့် ဓာတုပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်အတွက် ဆိုးကျိုးသက်ရောက်မှုများမဖြစ်ပေါ်စေရန် တားမြစ်ထားသောဓာတုပစ္စည်းများ အသုံးမပြုရန် လုပ်ဆောင်လျက် ရှိပါသည်။ ၂၀၀၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ဥရောပ၌ စတင်အကျိုးသက်ရောက်သည့် RoHS မှ ညွှန်ကြားချက်အတိုင်း ဓာတုပစ္စည်း ၆ မျိုးကို ဥရောပဈေးကွက်အတွက် လျှပ်စစ်နှင့်ဆက်စပ်ပစ္စည်းများ ထုတ်လုပ်မှုတွင် အသုံးပြုမှုရပ်ဆိုင်းထားပြီး ဖြစ်ပါသည်။ ထိုပစ္စည်း ၆ မျိုးမှာ ခဲ- Lead ၊ မာကြူရီ- Mercury, ကတ်မီယမ်- Cadmium, ဟက်ဇာဗဲလက် ခရိုမီယမ်- Hexavalent Chromium, ပိုလီဘရိုမီနိတ်တတ် ဘိုင်ဖီနိုင်း- Polybrominated Biphenyl နှင့် ပိုလီဘရိုမီနိတ်တတ် ဒိုင်ဖီနိုင်း အီသာ ဖလိမ် ရီတာဒန့်- Polybrominated Diphenyl Ether Flame Retardants များ ဖြစ်ပါသည်။ ဆေးပစ္စည်းကိရိယာများထုတ်လုပ်မှုသည် RoHS ရည်ညွှန်းသော ကုန်ထုတ်လုပ်ငန်းများထဲတွင် မပါဝင်သော်လည်း ကျွန်ုပ်တို့သည် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ရှေးရှု၍ RoHS မှထုတ်ပြန်သော ဓာတုပစ္စည်းများကို ကျွန်ုပ်တို့ ကုန်ပစ္စည်းများထုတ်လုပ်ရေးတွင် အသုံးမပြုတော့ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါသည်။ အိမ်တွင်းသုံးဆေး ပစ္စည်းကိရိယာများသာမက သီးသန့်ဝယ်ယူနိုင်သော ဆက်စပ် အပိုပစ္စည်းများထုတ်လုပ်မှုတွင်ပါ အသုံးမပြုတော့ပါ။

EU RoHS ၏ညွှန်ကြားချက် - အန္တရာယ်ရှိသော တချို့အရာဝတ္ထုများကို လျှပ်စစ်နှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရာတွင်အသုံးပြုမှုကို တားမြစ်ခြင်းသည် လူသားများသာမက သဘာပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင်သည့် ဆိုးကျိုးများကို လျော့နည်းစေမည် ဖြစ်ပါသည်။

ပတ်ဝန်းကျင်နှင့် ညီညွတ်သော ဝယ်ယူရေးလုပ်ငန်း - သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီပြီး တားမြစ်ထားသည့် ဓာတုကုန်ကြမ်းများ မပါဝင်ဘဲ ပြန်လည်အသုံးပြုနိုင်သော ကုန်ကြမ်းပစ္စည်းများ၊ အစိတ်အပိုင်းများနှင့် အချောသတ် ကုန်ပစ္စည်းများ ဝယ်ယူခြင်းသည် စွမ်းအင်နှင့် သဘာဝအရင်းအမြစ်များကို ချွေတာရာရောက်ပါသည်

တားမြစ်ထားသော ဓာတုပစ္စည်းများလုံးဝအသုံးမပြုခြင်း:RoHS ၏ သက်ရောက်မှု

EU RoHS မှ သတ်မှတ်ထားသော ဓာတုပစ္စည်းများမပါဝင်ဘဲ သင့်နိုင်ငံတွင်ဝယ်ယူရရှိနိုင်သည့် ကျွန်ုပ်တို့၏ ထုတ်ကုန်များစာရင်းကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။

  1. Omron Healthcare Co., Ltd. (Japan)
  2. Omron Healthcare, Inc. (North & South Americas)
  3. Omron Healthcare Europe B.V. (Europe, Middle East and Africa)
  4. Omron Healthcare Singapore Pte. Ltd. (Asia Pacific but China)
  5. Omron Healthcare (China) Co., Ltd. (China)*

*တရုတ်နိုင်ငံမှ RoHS နှင့် ကိုက်ညီအောင်လက်ရှိဆောင်ရွက်လျက်ရှိပါသည်
ကုန်ပစ္စည်းများစာရင်း။ (PDF:63KB)