သွေးပေါင်ချိန်စက် စုစုပေါင်း သန်း၄၀၀ ထက် ကျော်လွန်ရောင်းချနိုင်ခဲ့တဲ့ OMRON
အားဖြင့် OMRON HEALTHCARE Co., Ltd., 28 Sep 2025
ကျိုတို၊ ဂျပန်နိုင်ငံ (စက်တင်ဘာ၂၉၊ ၂၀၂၅)
ကျန်းမာရေးစောင့်ရှောက်မှုအတွက် အသုံးဝင်စေမယ့် ဆန်းသစ်တဲ့ဆေးဖက်ဆိုင်ရာကိရိယာတွေကို တစ်ကမ္ဘာလုံးမှာ ဦးဆောင်ထုတ်လုပ်လျက်ရှိတဲ့ OMRON HEALTHCARE ကုမ္ပဏီလီမိတက်မှ OMRON သွေးပေါင်ချိန်စက်ရောင်းချရမှုမှာ အရေအတွက် သန်း၄၀၀ ကျော်လွန်သွားပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
ဒီလိုအောင်မြင်မှုအထိမ်းအမှတ်ရရှိလာခဲ့ခြင်းက အိမ်တွင်းသုံးသွေးပေါင်ချိန်စက်တွေနဲ့ နှလုံးသွေးကြောကျန်းမာရေးထိန်းသိမ်းနိုင်တဲ့ နည်းလမ်းတွေကို မြှင့်တင်ခြင်းအားဖြင့် ကုမ္ပဏီရဲ့ စဉ်ဆက်မပြတ် ကြိုးစားနေမှုတွေကို ကိုယ်စားပြုပါတယ်။
ကျန်းမာရေးပိုင်းဆိုင်ရာ စောင့်ရှောက်မှုလုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့အတွက် OMRON တံဆိပ်ရဲ့ ပထမဆုံးသွေးပေါင်ချိန်စက်ကို ၁၉၇၃ခုနှစ်မှာ စတင်ဖြန့်ချိခဲ့တာကြောင့် OMRON ရဲ့ခရီးလမ်းက ရာစုနှစ်တစ်ဝက်လောက် ရှိနေပြီဖြစ်ပါတယ်။ အခုခေတ်မှာတော့ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာပြီး ဘယ်သူမဆို အိမ်မှာတင် သွေးပေါင်ချိန် တိုင်းတာနိုင်ပါပြီ။
OMRON Healthcareအနေနဲ့လည်း ကျန်းမာရေးထိန်းသိမ်းမှုကို ပိုကောင်းမွန်လာစေဖို့အတွက် သွေးပေါင်ချိန်ထိန်းချုပ်မှုကို ဖွံ့ဖြိုးအောင် အဆက်မပြတ်လုပ်ဆောင်လျက်ရှိပြီး Atirial fibrillation (AFib)လိုမျိုး အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့ရောဂါတွေကို အစောပိုင်းအဆင့်မှာတင် တွေ့ရှိနိုင်အောင် ကူညီပေးနိုင်ပြီဖြစ်ပါတယ်။
အန္တရာယ်များတဲ့လူထုတွေမှာ စောစီးစွာရှာဖွေတွေ့ရှိပြီး ကြိုတင်ကာကွယ်နိုင်အောင်နဲ့ ကျေးလက်နဲ့မြို့ပြကြား ကျန်းမာရေးကွာဟချက်ကို လျှော့ချနိုင်ရန်ရည်ရွယ်ပြီး ကျန်းမာရေးထိန်းသိမ်းမှု အရင်းအမြစ်တွေ ကန့်သတ်ထားတဲ့ စျေးကွက်တွေမှာပါ မှန်ကန်တိကျပြီး စျေးနှုန်းသက်သာတဲ့ သွေးပေါင်ချိန်စက်တွေကို ရရှိနိုင်ဖို့ လုပ်ဆောင်ထားတာကြောင့် OMRON Healthcare အနေနဲ့ နိုင်ငံပေါင်း၁၃၀မှာ ဖြန့်ချိနိုင်ခဲ့ပြီဖြစ်ပါတယ်။
OMRON Healthcare ကုမ္ပဏီလီမိတက်ရဲ့ President and CEO တစ်ယောက်ဖြစ်တဲ့ Ayumu Okada က သန်း၄၀၀အထိ ရောင်းချရမှုနှုန်း ရောက်ရှိသွားခြင်းက နံပါတ်တစ်ခုဆိုတာထက်ပိုကြောင်း၊ သန်းနဲ့ချီတဲ့လူတွေရဲ့ OMRON Healthcareဆိုတာ ကျန်းမာရေးအတွက် လိုအပ်တယ်ဆိုတဲ့ ယုံကြည်မှုကို ကိုယ်စားပြုကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် OMRON သွေးပေါင်ချိန်စက်တွေရဲ့ အရည်အသွေးနဲ့တိကျမှုတို့ကြောင့် တစ်ကမ္ဘာလုံးမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့လက်စွဲဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
"Going for ZERO" ဆိုတဲ့ visionကို လက်စွဲထားပြီး နေရာအနှံ့မှာရှိတဲ့လူတွေကို ကျန်းမာရေး ထိန်းသိမ်းနိုင်အောင် နည်းပညာနဲ့ကူညီထောက်ပံ့ပေးခြင်းအားဖြင့် ဦးနှောက်အာရုံကြောနှင့် နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို အမြစ်ပြတ်သုတ်သင်နိုင်အောင် ရည်ရွယ်ထားပါတယ်။
ဆန်းသစ်တဲ့ထုတ်ကုန်၊ ဝန်ဆောင်မှုနဲ့ ပညာပေးမှုတွေကတစ်ဆင့် သွေးတိုးရောဂါရှိတဲ့သူတွေရော၊ မရှိသေးပေမယ့် အန္တရာယ်များနေတဲ့သူတွေမှာပါ သွေးတိုးရောဂါရဲ့ဆိုးကျိုးတွေကို သိရှိအောင် ဆောင်ရွက်သွားဖို့လည်း ရည်ရွယ်ထားပါတယ်။
နှစ်ငါးဆယ်အတွေ့အကြုံတွေပေါ်မှာအခြေခံပြီး OMRNO Healthcareအနေနဲ့ သွေးပေါင်ချိန်တိုင်းတာစက်တွေကို မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှု ကိရိယာတွေအဖြစ် ပြောင်းလဲပစ်နိုင်အောင် တီထွင်ဆန်းသစ်မှုအသစ်တွေကတော့-
- ဒီဂျစ်တယ်ကျန်းမာရေးစောင့်ကြည့်မှုနဲ့ ချိတ်ဆက်ခြင်း
သွေးပေါင်ချိန်အတက်အကျ၊ မိသားစုဝင်တွေရဲ့တိုင်းတာချက်မျှဝေမှုတွေနဲ့ ဆရာဝန်ကို ပြသနိုင်စေဖို့အတွက် OMRON Connect (TM) appကို Bluetoothပါတဲ့စက်တွေနဲ့ ချိတ်ဆက် အသုံးပြုနိုင်ပါပြီ။
-AI-power နဲ့အတူ စမ်းသပ်စစ်ဆေးခြင်း
တစ်မူထူးခြားပြီး FDA ရဲ့ထောက်ခံချက်ရရှိထားတဲ့ Intellisense AFib (TM) နည်းပညာကြောင့် ပုံမှန်တိုင်းတာပေးခြင်းအားဖြင့် Atrial fibrillation ကို စောစီးစွာ ရှာတွေ့နိုင်ပြီဖြစ်ပါတယ်။
-အမျိုးအစားစုံလင်စွာ တိုင်းတာနိုင်ခြင်း
ပြီးပြည့်စုံတဲ့ (TM) monitorက သွေးပေါင်ချိန်နဲ့ ECG တိုင်းတာချက်တွေကို ပေါင်းစပ်ပေးထားတာကြောင့် ဆရာဝန်တွေဆီကို OMRON Connect (TM) appကနေတစ်ဆင့် မျှဝေပေး နိုင်ပါတယ်။
-အခြားလုပ်ငန်းများနှင့် ပါတနာဖွဲ့လုပ်ကိုင်ခြင်း
OMRONရဲ့ ဒီဂျစ်တယ်ကျန်းမာရေးဆိုင်ရာ စီးပွါးရေးလုပ်ငန်းက ဌာနအခွဲဖြစ်တဲ့ Luscii အပြင် အခြားနိုင်ငံတကာလုပ်ငန်းတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
Visit the 400M special website in English
This press release is disseminated by Kyodo PR on behalf of OMRON Healthcare. For more information or for interview opportunities, please contact:
ဤသတင်းထုတ်ပြန်ချက်ကို OMRON Healthcareရဲ့ Kyoto PRမှတစ်ဆင့် ဖြန့်ချိတာဖြစ်ပါတယ်။ သတင်းအချက်အလက်အသစ်များနဲ့ အင်တာဗျူးအခွင့်အလမ်းများအကြောင်း ပိုမိုသိရှိလိုပါက အောက်ပါlinkမှာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
OMRON Healthcare Press Desk: omronhealthcare-pr@kyodo-pr.co.jp
အဖြစ်အပျက် စာမျက်နှာသို့ ပြန်သွားပါ













