Acknowledgement and Consent

Omron uses cookies to improve your experience on this website. By continuing to use the website, you hereby agree to our ကိုယ်ပိုင်လွတ်လပ်ခွင့် နှင့် Cokkie မူဝါဒ.

ပိတ်သည်။
Healthcare Asia Pacific
အိမ် > ကျွနု်ပ်တို့အကြောင်း > ကျွနု်ပ်တို့၏ စီးပွားရေး

ကျွနု်ပ်တို့၏ စီးပွားရေး

About Omron Healthcare

Omron Healthcare အကြောင်း

ဂျပန်နိုင်ငံ ကျိုတိုမြို့တွင် ရုံးချုပ်တည်ရှိသော Omron Healthcare Co. သည် အိမ်သုံးနှင့် လုပ်ငန်းသုံး ကျန်းမာရေး အထောက်အကူပြုစက် ကိရိယာ အမျိုးမျိုး၊ ကျန်းမာရေးစီမံခန့်ခွဲမှုဆိုင်ရာ ဆော့ဝဲလ် များနှင့် ကျန်းမာရေး ပရိုမိုရှင်း ဝန်ဆောင်မှုအမျိုးမျိုးကို ထုတ်လုပ်ဖြန့်ချိပေးနေသော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။

လူနေမှုပုံစံကြောင့်ဖြစ်ပွားရသော ရောဂါအမျိုးမျိုးကို ကြိုတင်ကာကွယ်နိုင်မှသာ ကျန်းမာပြီး သက်တောင့်သက်သာရှိသော ဘဝကို ပိုင်ဆိုင်နိုင်မည်ဟု Omron မ ှယုံကြည်ပါသည်။ ထိုယုံကြည်ချက်ကို အကောင်အထည်ဖော်နိုင်ရန် Omron Healthcare သည် healthcare@Home ကို စတင်အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ပါသည်။

Healthcare@Home သည် မိမိအိမ်တွင်ပင် နေ့စဉ်တိုင်းတာသော ကျန်းမာရေး အချက်အလက်များကို ကြည့်ပြီး လူနေမှုပုံစံကြောင့် ဖြစ်ပွားရသော ရောဂါအမျိုးမျိုးနှင့် ဆေးကုသမှု၏ အကျိုးရလဒ်များကို စောင့်ကြည့်နိုင်ရန် ရည်ရွယ်ပါသည်။ နည်းပညာပိုင်းကို အသုံးချ၍ လူအများ ကျန်းမာသန်စွမ်းသော ဘဝအသီးသီး ပိုင်ဆိုင်နိုင်ကြစေရန် ကျွန်ုပ်တို့ ရည်ရွယ်ပါသည်။

Omron ၏ များပြားလှစွာသော အိမ်တွင်းသုံး ကျန်းမာရေး အထောက်အကူ ပြုပစ္စည်းကိရိယာများထဲတွင် Blood Pressure Monitors ၊ Thermometers ၊ Nebulizers ၊ Body Composition Monitors ၊ Pedometers and Pulse Massagers များပါဝင်ပါသည်။ တစ်ကမ္ဘာလုံးတွင် သွေးပေါင်ချိန်တိုင်းစက်ပေါင်း အလုံးရေ သန်း ၂၀၀ ကျော် ရောင်းချပြီးဖြစ်သောကြောင့် ဒီဂျစ်တယ် သွေးပေါင်ချိန်တိုင်းစက်နယ်ပယ်တွင် ကျွန်ုပ်တို့သည် ရှေ့တန်းမ ှရှိနေပါသည်။

ကျွန်ုပ်တို့၏ ကုသမှုဆိုင်ရာသုံးပစ္စည်းကိရိယာများတွင်မူ ECG Monitor ၊ Non-invasive Vascular Screening Device နှင့် Professional Blood Pressure Monitors များ ပါဝင်ပါသည်။ တစ်ကမ္ဘာလုံးရှိ လူသားများအားလုံး ကျန်းမာပြီး သက်တောင့်သက်သာရှိသော ဘဝများပိုင်ဆိုင်နိုင်စေရန် Omron Healthcare သည် အရည်အသွေးပြည့်မှီပြီး ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်စေရန် စဉ်ဆက်မပြတ် ကြိုးစားလျက်ရှိပါသည်။

OMRON Healthcare Singapore Pte Ltd (Myanmar Representative Office)

Omron Asia Pacific Regional Office

OMRON Healthcare Singapore Pte Ltd (Myanmar Representative Office)

Room No. (02-04), 2nd floor, Union Business
Centre, Nat Mauk Road, Bo Cho Quarter, Bahan
Township, Yangon, Myanmar
T +95 996725171

ကျွနု်ပ်တို့ကို မက်ဆေ့ချ်ပို့ရန်