သွေးပေါင်ချိန်ပမာဏ အချက်ပြသင်္ကေတ
သွေးပေါင်ချိန် လွယ်ကူစွာ တိုင်းနိုင်ရန် ဖြစ်သည်။
သတ်မှတ်ချက်များအရ မိမိအိမ်တွင် တိုင်းတာသော သွေးပေါင်ချိန်သည် အပေါ်သွေး ၁၃၅ အထက် နှင့် အောက်သွေး ၈၅ အောက် ရောက်နေပါက သွေးတိုးရှိသည်ဟု သတ်မှတ်သည်
*(American Heart Association မှ ချမှတ်ထားသော သွေးပေါင်ချိန်တိုင်းတာမှု သတ်မှတ်ချက်များကို ရည်ညွှန်းပါသည်)
မူမမှန်သော နှလုံးခုန်သံအချက်ပြသင်္ကေတ
ပုံမမှန် နှလုံးခုန်ခြင်း ဆိုသည်မှာ သွေးပေါင်ချိန် တိုင်းတာစဉ် ပုံမှန် နှလုံးခုန်စည်းချက်မှ ၂၅ ရာခိုင်နှုန်းထပ် ပို၍ ပြောင်းလဲမှုရှိသော နှလုးခုန်ခြင်းကို ဆိုလိုသည်။
၁. တိုင်းတာစဉ် ဤသို့ ပုံမမှန်နှလုံးခုန်ခြင်း နှစ်ကြိမ်ထပ်ပို၍ တွေ့ရှိရပါက သွေးပေါင်ချိန်ရလဒ်နှင့် ပုံမမှန် နှလုံးခုန်ခြင်းသင်္ကေတသည် မျက်နှာပြင်တွင် ပေါ်လာမည် ဖြစ်သည်။
၂. ပုံမမှန်နှလုံးခုန်သောကြောင့် တိုင်းတာမှု အဖြေများအကျုံးမဝင်ပါက မည်သည့် အဖြေမျှပြသမည် မဟုတ်ပါ။
၃. အကယ်၍ တိုင်းတာမှုလုပ်ပြီးမှ ပုံမမှန်နှလုံးခုန်ခြင်း သင်္ကေတပေါ်လာပါက ပြန်၍ တိုင်းတာပါ။
၄. အချက်ပြသင်္ကေတများ ဆက်ပေါ်နေပါက ဆရာဝန်နှင့်ပြသတိုင်ပင်ကြည့်ရန် ကျွနိုပ်တို့ အကြံပြုလိုပါသည်။
Intellisense Technology
ခလုတ်တချက်နှိပ်ရုံဖြင့် IntelliSense နည်းပညာကို သုံး၍ သက်တောင့်သက်သာဖြင့် တိကျသောအဖြေကို ထုတ်ပေးနိုင်သည်။
IntelliSense™ နည်းပညာသည် တိုင်းသည့်အခါ သင့်လျော်သော လေပမာဏကိုသာ လက်ပတ်သို့ လေသွင်းပေးသည်။
အသုံးပြုသူမှ ချိန်ညှိပေးစရာမလိုပါ။
သွေးတိုးလူနာများ ၊ နှလုံးခုန်မမှန်ခြင်းနှင့် နှလုံးနှင့်ဆိုင်သော ရောဂါရှိသူများတွင် သွေးပေါင်ချိန်အတက်အကျဖြစ်နိုင်ချေများသောကြောင့် ဤနည်းပညာဖြင့် ထိုလူနာများအတွက်ပိုမိုအဆင်ပြေစွာ တိကျသော အဖြေကိုရနိုင်သည်။