နောက်ခံမီး
အလင်းရောင် အားနည်းချိန်တွင် မြင်နိုင်စေသည်။
သုံးမျိုး စလုံးကို တစ်ကြိမ်တည်း တိုင်းတာပေးနိုင်ခြင်း
နဖူးတွင် တိုင်းတာခြင်း
ဤတိုင်းတာနည်းသည် နဖူးမှတိုင်းသော အပူချိန်ကို အခြေခံ၍ တွက်ချက်ထားသော ပါးစပ်အပူချိန်ကို ထုတ်ပေးသည်။ ယခုစက်သည် တိုင်းတာမည့် နဖူးအရေပြားမှ ထုတ်လွှတ်သော Infrared Emission ကို ဖမ်းယူပြီး ခန္ဓာကိုယ်ဆိုင်ရာ အချက်အလက်များကို သုံး၍ အဆင့်မြင့် Algorithm ဖြင့် တွက်ချက်ကာ ပါးစပ်တွင်း ရှိမည့်အပူချိန်ကို ထုတ်ပေးခြင်း ဖြစ်သည်။
အခန်း အပူချိန်ဖော်ပြခြင်း
ယခုစက်သည် စက်ပိတ်ထားလျှင်ပင် အခန်းအပူချိန်ကို ဖော်ပြပေးနိုင်သည်။
မျက်နှာပြင်အပူချိန်ဖော်ပြခြင်း
မျက်နှာပြင်အပူချိန်ဖော်ပြရာတွင် ခန္ဓာကိုယ်အပူချိန်နှင့် မတူညီသော အရာဝတ္ထုတစ်ခု၏ မျက်နှာပြင် အပူချိန်ကို ပြပေးနိုင်သည်။ ယခုလုပ်ဆောင်မှုသည် အရာဝတ္ထု၏ မျက်နှာပြင်အပူချိန်မှာ လူနာ သို့မဟုတ် ကလေးအတွက် (ဥပမာ-ကလေးနို့ဗူး) သင့်တော်မှု ရှိ၊ မရှိ ဆုံးဖြတ်နိုင်ရန် ကူညီပေးပါသည်။
၆၅- လွယ်ကူ အဆင်ပြေစွာ အသုံးပြုနိုင်ခြင်း
နဖူးတွင် တိုင်းတာသော သာမိုမီတာသည် အရေပြားပေါ်မှပင် တိုင်းတာနိုင်သည်။
ကလေးငယ် အိပ်ပျော်နေစဉ်တွင်ပင် တိုင်းတာနိုင်သည်။ ထို့ကြောင့် ကလေးငယ်များကို အပူချိန်တိုင်းရာတွင် ပို၍ အဆင်ပြေစေမည် ဖြစ်သည်။
Probe Lens ပါသော ဖက်ကို နဖူးအလည်မှ ၁- ၃ စင်တီမီတာအကွာတွင် ထားပါ။ - START ခလုတ်ကို နှိပ်လိုက်ရုံဖြင့် တစ်စက္ကန့်အတွင်း တိုင်းတာပြီးသွားမည် ဖြစ်ပါသည်။