TENS (Transcutaneous Electrical Nerve Stimulation) နည်းပညာကို အသုံးပြုခြင်းအားဖြင့် ,ဆေးသုံးစွဲစရာ မလိုပဲ
-နာကျင်မှု သက်သာစေခြင်း၊
-အန်ဒေါ်ဖင်း များထွက်ရှိစေခြင်း၊
-သွေးလည်ပတ်မှု အားကောင်းစေခြင်းများ ဖြစ်စေမည်ဖြစ်သည်။
TENS ဘယ်လို အလုပ်လုပ်သလဲ?
TENS သည် နာကျင်မှုကို နည်းလမ်း နှစ်မျိုးဖြင့် သက်သာစေပါသည်။
Standard High-Frequency Treatment
- ၁. ကြိမ်နှုန်းကို တစ်စက္ကန့်လျှင် ၆၀ သို့မဟုတ် ထို့ထပ်ပို၍ ထားပါ
- ၂. လျှပ်စစ်ကြိမ်နှုန်းများကြောင့် တောက်လျှောက် တုန်ခါခြင်း၊ ထုံကျဉ်နေခြင်းကို ခံစားရမည် ဖြစ်သည်။
- ၃. ထိုထုတ်လုပ်သော လျှပ်စစ်ကြိမ်နှုန်းများသည် ခန္ဓာကိုယ်မှ ထုတ်လုပ်သော နာကျင်မှု အချက်ပြချက်များထပ် ပို၍ ပြင်းထန်ပါသည်။ ပို၍ ပြင်းထန်သောကြောင့် နာကျင်မှု အချက်ပြချက်များကို ဦးနှောက်သို့ မရောက်ရှိအောင် ပိတ်ဆို့လိုက်ပါသည်။
- ၄. ချက်ချင်း နာကျင်မှု ခံစားရခြင်းများအတွက် အလွန် ထိရောက်ပါသည်။
Low-Frequency Treatment
- ၁. ကြိမ်နှုန်းကို တစ်စက္ကန့်လျှင် ၁၀ ကြိမ်အောက် သို့မဟုတ် Burst Mode တွင် ထားပါ။
- ၂. သိသာသော ကြွက်သားတုန်ခါခြင်းကို ခံစားရမည် ဖြစ်သည်။
- ၃. ထိုကဲ့သို့ လှုံ့ဆော်မှုမျိုးကို ခန္ဓာကိုယ်မှ အန်ဒိုဖင်းဓာတ်များထုတ်၍ တုန့်ပြန်ပါသည်။ (သဘာဝအတိုင်း ခန္ဓာကိုယ်မှု ထုတ်ပေးသော နာကျင်မှု သက်သာစေသည့် ဓာတုဓာတ်များ ဖြစ်သည်)
- ၄. ထို အန်ဒိုဖင်းဓာတ် များသည် အာရုံကြောများကို ပိတ်ဆို့ပေးသည် ဓာတုဓာတ်များအနေဖြင့်လုပ်ဆောင်ပြီး အာရုံကြောတစ်လျှောက် နာကျင်မှု အချက်ပြချက်များ စီးဆင်းနေခြင်းကို တားဆီးပေးသည်။
- ၅. အချိန်ကြာမြင့်စွာ နာကျင်မှုခံစားနေရသူများ၊ ကြွက်သားတောင့်တင်းနေသူများ၊ ထုံကျဉ်နေသူများအတွက် အလွန် ထိရောက်ပါသည်။
နာကျင်မှုကို အထူးသက်သာစေရန် အစီအစဉ် ၁၂ မျိုး ပါဝင်သည်။
ကုသမည့်နေရာနှင့် မည်သည့်နှိပ်နယ်မှုမျိုး ပြုလုပ်မည်ကို ရွေးချယ်နိုင်သည်။
-ကြိမ်နှုန်း ၁၂၀၀ Hz အထိသုံးပြီး နာကျင်မှု သက်သာအောင် ပြုလုပ်ပေးသည်၊
-ပုခုံး၊ အဆစ်အမြစ်၊ လက်မောင်း၊ ခြေဖဝါး၊ လက်ဖဝါး၊ ခြေထောက်၊ လက်ကောက်ဝတ် နေရာများကို ရွေးချယ်နိုင်ပြီး
-နှိပ်နယ်ရာတွင်လည်း နူးညံ့စွာနှိပ်ခြင်း၊ ဖိခြင်း၊ တွန်းခြင်း၊ ပွတ်ပေးခြင်း စသည်ဖြင့် ပုံစံ ၄ မျိုး ရွေးချယ်နိုင်ပါသည်။
ကုသမှုပုံစံ ၅ မျိုး ပါဝင်သည်။
သင်၏ နာကျင်မှုလက္ခဏာများနှင့် သင်လိုချင်သော ပုံစံအတိုင်းကုသမှုကို ရွေးချယ်နိုင်သည်။
- Hyper Mode သည် ကုသရာတွင် တဖြည်းဖြည်း အကြိမ်ရေတိုးလာပြီး ကြွက်သားတောင့်တင်းမှုကို သက်သာစေသည်။
- Soft Mode သည် နူးညံ့စွာနှိပ်နယ်ပေးပြီး သက်သာစေသည်။
- Repeat Mode သည် သင်ရွေးချယ်ထားသော ကုသမှုပုံစံကို ထပ်မံပြုလုပ်ပေးမည် ဖြစ်သည်။
- Point and Wide Mode သည် သေးငယ်သော နေရာဖြစ်စေ၊ ကြီးမားသောနေရာဖြစ်စေ အသီးသီးကုသပေးနိုင်သည်။
- Balance Adjustment သည် အနီရောင် သို့မဟုတ် အဖြူရောင် သို့မဟုတ် နှစ်ဖက်စလုံးကိုကုသပေးရန် ရွေးချယ်နိုင်သည်။