Healthcare Asia Pacific
အိမ် > ပွဲများ > ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) နှင့်ပတ်သက်၍ လုပ်ငန်းစုမှ ထုတ်ပြန်ချက်

ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) နှင့်ပတ်သက်၍ လုပ်ငန်းစုမှ ထုတ်ပြန်ချက်

အားဖြင့် Omron Healthcare, 02 Apr 2020

OMRON Healthcare သည် လက်ရှိတစ်ကမ္ဘာလုံးတွင် ဖြစ်ပွားလျက်ရှိသော ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ရောဂါကို လူအများ၏ ဘဝပိုမိုကောင်းမွန်လာစေရန်နှင့် ကျန်းမာသောလူနေမှုစနစ်ဖြစ်လာစေရန်ဟူသည့် ကျွန်ုပ်တို့၏ရည်ရွယ်ချက်နှင့်အညီ တုန့်ပြန်ဆောင်ရွက်လျက်ရှိပါသည်။

ကျွန်ုပ်တို့၏ ကျန်းမာရေးစောင့်ရှောက်မှုသုံးကိရိယာများကိုဆက်လက်ထောက်ပံ့ဖြန့်ဝေရန်နှင့် ကမ္ဘာ့နေရာအနှံ့ တာဝန်ထမ်းဆောင်လျက်ရှိသော ကျွန်ုပ်တို့ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုနှင့် ကျန်းမာရေးအတွက်လည်း အစွမ်းကုန်ကြိုးစားလျက်ရှိပါသည်။ ကိုရိုနာဗိုင်းရစ်စတင်ဖြစ်ပွားကတည်းကပင် OMRON Healthcare အုပ်စု သည်ရောဂါကြောင့်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကိုစောင့်ကြည့်လေ့လာရန်၊ မှတ်တမ်းတင်ရန်နှင့် ရောဂါကြောင့်သက်ရောက်မှုများကိုလျှော့ချရန် ကမ္ဘာလုံးဆိုင်ရာအထူးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့ပါသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုသည် ကမ္ဘာ့ကပ်ရောဂါအဆင့်သို့ရောက်ရှိချိန်မှစတင်၍ တစ်ကမ္ဘာလုံးရှိ ပစ္စည်းထောက်ပံ့ရေးလမ်းကြောင်းများအပေါ်သက်ရောက်ခဲ့ခြင်းကြောင့် ကုန်ပစ္စည်းထုတ်လုပ်နိုင်စွမ်းနှင့် ထောက်ပံ့ပို့ဆောင်နိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေခဲ့ပါသည်။ ကျွန်ုပ်တို့သည်လက်ရှိအခြေအနေအပေါ် သေချာဂရုတစိုက်ကြည့်ရှုလေ့လာနေပြီး ကျွန်ုပ်တို့ကုန်ပစ္စည်းများကိုအရည်အသွေးပြည့်မှီစွာဖြင့် လုံခြုံစိတ်ချစွာ ထောက်ပံ့ပေးနိုင်စေရန် စည်းမျဉ်းအသစ်များကျင့်သုံးဆောင်ရွက်လျက်ရှိပါသည်။

ရောဂါဒဏ်သက်ရောက်မှုအများဆုံးနေရာဒေသများတွင် ကျွန်ုပ်တို့၏ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိရိယာများနှင့် ကိုယ်ပူချိန်တိုင်းကိရိယာများအား လိုအပ်ချက်မြင့်မားလာလျက်ရှိကြောင်း တွေ့ရပါသည်။ သုံးစွဲသူများနှင့် ကျန်းမာရေးဝန်ထမ်းများ၏ လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရန်အတွက် ကုန်ပစ္စည်းများရရှိအောင် ကမ္ဘာအနှံ့မှ ကျွန်ုပ်တို့၏ပါတနာများနှင့် စနစ်တကျပူးပေါင်းဆောင်ရွက်နေပါသည်။

ကျွန်ုပ်တို့ဝန်ထမ်းများ၏ ကျန်းမာရေးနှင့်လူနေမှုဘဝကိုကာကွယ်ရန်နှင့် ဗိုင်းရပ်စ်ပျံ့နှံ့မှုကိုထိန်းချုပ်ရန်အတွက် ရောဂါကူးစက်မှုနည်းစေရန် ယာယီစည်းမျဉ်းစည်းကမ်းများ ချမှတ်ကျင့်သုံးနေပါသည်။ ရောဂါဖြစ်ပွားမှု အစောပိုင်းအဆင့်ကပင် မိမိနေအိမ်မှနေ၍အလုပ်လုပ်ကိုင်နိုင်အောင်လမ်းညွှန်ပေးခြင်းနှင့်  အလုပ်ကိစ္စဖြင့် ခရီးသွားလာခြင်း၊ အလုပ်ချိန်ပြင်ပတွင်အစည်းအဝေးပြုလုပ်ခြင်း၊ အလုပ်သို့ပြင်ပမှဧည့်သည်များ လာရောက်လည်ပတ်ခြင်း စသည်တို့ကိုတားမြစ်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ ကျွန်ုပ်တို့၏ လမ်းညွှန်ချက်များသည် သက်ဆိုင်ရာနိုင်ငံမှထုတ်ပြန်သောစည်းမျဉ်းများနှင့်လည်း ကိုက်ညီမှုရှိပါသည်။

အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများကုသမှုတွင် ကျွန်ုပ်တို့၏နည်းပညာအားသာချက်ကိုသုံး၍ ကျွန်ုပ်တို့၏ သုတေသနအဖွဲ့များကို ကျန်းမာရေးဝန်ထမ်းများအတွက်လိုအပ်သော လမ်းညွှန်ချက်များ၊ ဖြေရှင်းနည်းများ လျင်မြန်စွာ ထုတ်ပြန်ပေးရန်ညွှန်ကြားထားပါသည်။ ကပ်ရောဂါကြောင့်ဖြစ်ပေါ်လာသော လိုအပ်ချက်များကိုဖြေရှင်းသည့် အနေဖြင့်သွေးတိုးဝေဒနာရှင်များကို အဝေးမှစောင့်ကြည့်စစ်ဆေးသည့် နည်းစနစ်ကို လျင်မြန်စွာအကောင် အထည်ဖော်ပြီး ကမ္ဘာအနှံ့ရှိ ကျန်းမာရေးဝန်ထမ်းများကြုံနေရသည့် အခက်အခဲများပြေလည်အောင်  ဆောင်ရွက်နေပါသည်။

သုံးစွဲသူများ၏ကျန်းမာရေးနှင့် သာယာဝပြောရေးကို အစဉ်ရှေးရှုသည့် ကုမ္ပဏီဖြစ်သည့်အတွက် ကျွန်ုပ်တို့သည် စားသုံးသူများအတွက်အစဉ်တွေးတောပေးလျက်ရှိပြီး လူ့အသက်များပိုမိုကယ်တင်နိုင်ရန် ကျွန်ုပ်တို့၏ “Going for Zero” မစ်ရှင်အတိုင်းဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားလိုပါသည်။

လေးစားစွာဖြင့်

Isao Ogino

President and CEO

OMRON Healthcare Co.,Ltd

နောက်ဆုံးအချက်အလက်အသစ်များဖတ်ရှုလိုပါက အပြည်ပြည်ဆိုင်ရာ Omron Healthcare တွင်ဖတ်ရှုနိုင်ပါသည်။

နှလုံးကျန်းမာရေးနှင့် ကိုဗစ်-၁၉ အန္တရာယ် အကြောင်းဖတ်ရှုရန် here ကိုနှိပ်ပါ

၂. နှလုံးကျန်းမာရေးနှင့် ကိုဗစ်-၁၉ အန္တရာယ်

အဖြစ်အပျက် စာမျက်နှာသို့ ပြန်သွားပါ