နှလုံးကျန်းမာရေးနှင့် ကိုဗစ်-၁၉ အန္တရာယ်
အားဖြင့် Omron Healthcare, 02 Apr 2020
OMRON Healthcare အနေဖြင့် မိမိအိမ်တွင်သွေးပေါင်ချိန်တိုင်းတာလေ့ရှိသူများအား ဆရာဝန်ညွှန်ကြားချက် အတိုင်းလိုက်နာ၍ ပုံမှန်အတိုင်းဆက်လက်တိုင်းတာရန် တိုက်တွန်းအပ်ပါသည်။ ဆေးပညာအရကြည့်လျှင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်နှင့် လက်ရှိဖြစ်ပေါ်နေသောအခြေအနေများကြောင့် ပုံမှန်အတိုင်းသွေးပေါင်ချိန်ခြင်းကို အပြောင်းအလဲလုပ်ရန် မလိုအပ်ပါ။ သင်၏သွေးပေါင်ချိန်တိုင်းစက်အသုံးပြုမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာနိုင်ငံမှ ထုတ်ပြန်ထားသော တစ်ကိုယ်ရည်သန့်ရှင်းရေးအဆင့်များကိုလိုက်နာရန်နှင့် သင်၏သွေးပေါင်ချိန်တိုင်းစက်ကို တစ်အိမ်တည်းအတူနေမိသားစုဝင်များမှလွဲ၍ တစ်ခြားသူများနှင့်မျှဝေသုံးစွဲခြင်းမပြုရန် တိုက်တွန်းအပ်ပါသည်။
- သုတေသနဖော်ပြချက်များအရ ရာသီတုပ်ကွေးအပါအဝင်ဗိုင်းရပ်စ်များသည် သွေးတိုးရောဂါအခံရှိသူများတွင် ပိုမိုပြင်းထန်တတ်ပြီး နောက်ဆက်တွဲနှလုံးပြဿနာများပိုမိုခံစားရနိုင်ပါသည်။
- အကယ်၍သွေးပေါင်ချိန်ပုံမှန်ထပ်များနေပါက သင်၏ဆရာဝန်နှင့်ပြသ၍ ကျန်းမာရေးစစ်ဆေးမှုခံယူရန် အရေးကြီးပါသည်။ သွေးပေါင်ချိန်မှန်မှန်တိုင်းတာခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်စွာစားသောက်ခြင်းနှင့် လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း စသည့်ကျန်းမာရေးလိုက်စားသည့်အလေ့အကျင့်များဖြစ်လာအောင် အဆင့်ဆင့်ကြိုးစားသွားပါ။
- အကယ်၍ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည်ဟုထင်ပါက သို့မဟုတ် ၎င်း၏ရောဂါလက္ခဏာများဖြစ်သည့် ဖျားခြင်း၊ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် အသက်ရှုကျပ်ခြင်းများခံစားရပါက သင်၏ဆရာဝန်ကိုဆက်သွယ် ပြောကြားပါ။
ဆရာဝန်နှင့်အချက်အလက်များမျှဝေခြင်း
- လူအတော်များများအနေဖြင့် ကိုယ်တိုင်သော်လည်းကောင်း ၎င်းတို့ချစ်ခင်ရသူတစ်ဦးဦးကိုသော်လည်းကောင်း ဆရာဝန်နှင့်ပြသပေးရာမှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမည်ကိုစိုးရိမ်မှုရှိနိုင်ပါသည်။ OMRON သွေးပေါင်ချိန်တိုင်းစက်များသည် အသုံးပြုသူအနေဖြင့် ၎င်းတို့၏သွေးပေါင်ချိန်တိုင်းရလဒ်များကို ဆရာဝန်ထံသို့ အဝေးမှတစ်ဆင့်ပေးပို့မျှဝေနိုင်ပါသည်။
- ထိုကဲ့သို့အချက်အလက်များမျှဝေခြင်းသည် ဆရာဝန်အနေဖြင့် သင်၏သွေးတိုးအခြေအနေကုသရာတွင် ထိရောက်မှုရှိမရှိ သိနိုင်အောင်ကူညီနိုင်မည်ဖြစ်သည်။ သို့သော် အကယ်၍သင်နေထိုင်မကောင်း ဖြစ်လာပါကဆရာဝန်နှင့်ဆက်သွယ်ပါ။
- သင့်တွင် OMRON သွေးပေါင်ချိန်တိုင်းစက်ရှိပါက OMRON Connect ဟူသည့် မိုဘိုင်းအပလီကေးရှင်းနှင့် BP Diary သို့ဝင်ရောက်နိုင်ပြီး ထိုမှတစ်ဆင့် အသုံးပြုသူ၏ နှလုံးကျန်းမာရေးအချက်အလက်များကို သိမ်းဆည်းခြင်း၊ ခြေရာခံခြင်း၊ ဆရာဝန်နှင့်မျှဝေခြင်းများ ပြုလုပ်နိုင်ပါသည်။
- သင်၏စက်နှင့်လွယ်ကူစွာချိတ်ဆက်အသုံးပြုနိုင်ပါသည်။ OMRON Connect ကို ဒေါင်းလုဒ်ရယူပြီး မျက်နှာပြင်တွင်ပေါ်လာမည့် လမ်းညွှန်ချက်များအတိုင်းဆောင်ရွက်၍ သင်၏စက်ဖြင့် ချိတ်ဆက်နိုင်ပါသည်။
မေးမြန်းလိုသည်များရှိပါက အောက်ပါလိပ်စာကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
မြန်မာ
Omron Healthcare Singapore Pte Ltd
Tel: Customer service အတွက် ဖုန်းနံပါတ် +95 9967251713 သို့ဆက်သွယ်နိုင်ပါသည်။
ရုံးချိန်များ - တနင်္လာနေ့မှ သောကြာနေ့၊ မနက် ၉ နာရီမှ ညနေ ၅ နာရီ စနေနေ့၊ တနင်္ဂနွေနေ့နှင့် အစိုးရရုံးပိတ်ရက်များပိတ်ပါသည်။
ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ESH မှထပ်မံထုတ်ပြန်ချက်
မတ်လ ၁၉ရက် ၂၀၂၀ခုနှစ် - ဥရောပတိုက်သွေးတိုးရောဂါအသင်းကြီး (European Society of Hypertension, ESH) မှ သွေးတိုးရောဂါနှင့်ပတ်သက်၍ ထုတ်ပြန်ချက်
ယနေ့အထိ သွေးတိုးရောဂါရှိသူတစ်ဦးသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရနိုင်ခြေပိုများသည်ဟု သက်သေမပြနိုင်သေးပါ။ ထို့ကြောင့် သွေးတိုးရောဂါရှိသူများသည်လည်း တခြားသက်တူရွယ်တူများနှင့် တခြားရောဂါအခံရှိသူများကဲ့သို့ တူညီသောကြိုတင်ကာကွယ်မှုများလုပ်ဆောင်သင့်ပါသည်။
https://www.ecdc.europa.eu/en/novel-coronavirus-china
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသော်လည်းကျန်းမာရေးကောင်းမွန်သူများ သို့မဟုတ် ကိုဗစ်-၁၉ ကူးစက်ခံရနိုင်ခြေရှိသူများတွင် ACEIs နှင့် ARBs ဆေးများသုံး၍ကုသခြင်းကို ၂၀၁၈ ESC/ESH လမ်းညွှန်ချက် များမှသတ်မှတ်ချက်အတိုင်း ကုသသင့်ပါသည်။ သွေးတိုးရောဂါနှင့် သွေးတိုးကျဆေးများ အထူးသဖြင့် RAS blockers များမှ ကိုဗစ်-၁၉ရောဂါအပေါ်သက်ရောက်မှုကို အစဉ်မပြတ်တိုးပွားလာသောအချက်အလက်များသုံး ၍ ဆက်လက်ခွဲခြမ်းစိတ်ဖြာလေ့လာရန် ခွင့်ပြုထားပါသည်။
သတိပြုရန်အချက်!
ယခုထုတ်ပြန်ချက်သည် လက်ရှိအချိန် (မတ်လ ၁၂ရက် ၂၀၂၀ခုနှစ်) တွင်ရရှိသောအချက်အလက်များ အပေါ်မူတည်၍ ထုတ်ပြန်ခြင်းဖြစ်ပြီး အချက်အလက်အသစ်များပေါ်ထွက်လာပါက ထပ်မံဖြည့်စွက်ခြင်းများ ပြုလုပ်ရန်လိုအပ်မည်ဖြစ်ပါသည်။ ESH အနေဖြင့် လိုအပ်သလို သတင်းအချက်အလက်အသစ်များထပ်မံ ဖြည့်စွက်သွားမည်ဖြစ်ပြီး အောက်ပါ https://www.eshonline.org/spotlights/esh-statement-on-covid-19/ တွင်လည်းကြည့်ရှုနိုင်ပါသည်။
ရည်ညွှန်း
Williams B, Mancia G, Spiering W, Agabiti Rosei E, Azizi M, Burnier M, Clement DL, Coca A, de Simone G, Dominiczak A, Kahan T, Mahfoud F, Redon J, Ruilope L, Zanchetti A, Kerins M, Kjeldsen SE, Kreutz R, Laurent S, Lip GYH, McManus R, Narkiewicz K, Ruschitzka F, Schmieder RE, Shlyakhto E, Tsioufis C, Aboyans V and Desormais I. ၂၀၁၈ ခုနှစ် တွင် ESC/ESH မှထုတ်ဝေသော သွေးတိုးရောဂါကုသခြင်းနှင့်ပတ်သက်သော လမ်းညွှန်ချက်များ၊ ဥရောပတိုက်နှလုံးရောဂါအသင်းကြီးနှင့် ဥရောပတိုက်သွေးတိုးရောဂါအသင်းကြီးတို့၏ သွေးတိုးရောဂါကုသမှုအဖွဲ့၊ သွေးတိုးရောဂါဂျာနယ် 2018;36:1953-2041
ထပ်မံသိရှိလိုသည်များရှိပါက အပြည်ပြည်ဆိုင်ရာ Omron Healthcare ဝက်ဘ်ဆိုဒ်သို့ဝင်ရောက်လေ့လာ နိုင်ပါသည်။
OMRON Healthcare Corporate မှ ထုတ်ပြန်သော ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) နှင့်ပတ်သက်၍ ထုတ်ပြန်ချက်ကိုဖတ်ရှုရန် here ကိုနှိပ်ပါ
အဖြစ်အပျက် စာမျက်နှာသို့ ပြန်သွားပါ













