Acknowledgement and Consent

Omron uses cookies to improve your experience on this website. By continuing to use the website, you hereby agree to our ကိုယ်ပိုင်လွတ်လပ်ခွင့် နှင့် Cokkie မူဝါဒ.

ပိတ်သည်။
Healthcare Asia Pacific
အိမ် > အမေးများသော မေးခွန်းများ > OMRON ချိတ်ဆက် အက်ပလီကေးရှင်း

အမေးများသော မေးခွန်းများ

OMRON ရဲ့ Bluetooth သုံး model BP786N ၊ BP761N၊ BP654 ကို နိုင်ငံခြားကနေ ဝယ်လာခဲ့ပါတယ်။

အပေါ်မှာဖော်ပြထားတဲ့ Model တွေကတော့ အမေရိကန်နိုင်ငံနဲံ ကနေဒါနိုင်ငံတွေမှာပဲ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။
မတူညီတဲ့နိုင်ငံတွေရဲ့ အခြေအနေတွေအရ Omron Bluetooth သုံး application တွေကို ပြည်တွင်းမှာ သုံးလို့ရမှာ မဟုတ်ပါဘူး။
Omron wellness application ကို အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေမှာပဲ သုံးလိုရမှာ ဖြစ်ပြီးတော့ စင်ကာပူနိုင်ငံမှာတော့ သုံးလို့ရမှာ မဟူတ်ပါဘူး။
အမေရိကန်နိုင်ငံနဲ့ ကနေဒါနိုင်ငံမှာတော့ OMRON wellness application ကိုတော့ BP786N(10Series) ၊ BP761N(10series) ၊ BP654(7series) model တွေနဲ့ တွဲဖက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

တခြားသောမေးခွန်းများရှိခဲ့လျှင် ကျေးဇူးပြုပြီး healthcare-mm@omron.com ကို ဆက်သွယ်နိုင်ပါတယ်။

OMRON connect application ကိုလက်မောင်းပတ် သွေးပေါင်ချိန်စက် BP7000 နဲ့ အသုံးပြုလို့ ရနိုင်ပါသလား။

အပေါ်မှာဖော်ပြထားတဲ့ model ကေတော့ အမေရိကန်နိုင်ငံနဲံ ကနေဒါနိုင်ငံတွေမှာပဲ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။
မတူညီတဲ့နိုင်ငံတွေရဲ့ အခြေအနေတွေအရ Omron Bluetooth သုံး application တွေကို အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေမှာပဲ သုံးလိုရမှာ ဖြစ်ပြီးတော့
ပြည်တွင်းမှာ သုံးလို့ရမှာ မဟုတ်ပါဘူး။
အမေရိကန်နိုင်ငံနဲ့ ကနေဒါနိုင်ငံမှာတော့ OMRON wellness application ကိုတော့ BP7000 model နဲ့ တွဲဖက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

့ တခြားသောမေးခွန်းများရှိခဲ့လျှင် ကျေးဇူးပြုပြီး healthcare-mm@omron.com ကို ဆက်သွယ်နိုင်ပါတယ်။

OMRON သွေးပေါင်ချိန်စက် HEM-7280T/HEM-7600T Smart Elite ကို Omron connect app နဲ့ တွဲသုံးလို့မရဘူး ဖြစ်နေပါတယ်။

၁။ OMRON connect application ကို သက်ဆိုင်ရာနိုင်ငံရဲ့ application store ကနေသာ download ဆွဲပါ။
၂။ သင့် ORMON စက်ပစ္စည်းရဲ့ operation system နဲ့ application ကိုက်ညီမှု ရှိမရှိ အရင်ကြည့်ပါ။ သတင်းအချက်အလက်တွေကို https://www.omronconnect.com/general/ မှာ ဝင်ရောက်ကြည့်ရှုုပါ ။
၃။ တခြားသော အကူအညီတောင်းစရာလိုအပ်ပါက ကျွန်တော်တို့ရဲ့ customer service 6564 5740 ကို ဆက်သွယ်ပေးပါရန်။

Mobile Device နဲ့ မချိတ်ဆက်ခင် အရင်ဆုံး တိုင်းမိလိုက်ရင် ဘာဖြစ်တတ်သလဲ။

Mobile Device နဲ့ မချိတ်ဆက်ခင် အရင်ဆုံး တိုင်းမိလိုက်ရင် အရင်ကတိုင်းတာထားတဲ့ အဖြေတွေ ပျောက်ဆုံးသွားမှာပါ။

Bluetooth စနစ်သုံး သွေးပေါင်ချိန်စက် HEM-7280T/Smart Elite +HEM7600T ကို device တစ်ခုထက်ပိုသုံးရင် ဘာဖြစ်လာနိုင်သလဲ။

Smart Elite+HEM 7600T နဲ့ HEM 7208T ကိုတော့ device တစ်ခုထက်ပိုသုံးစွဲနိုင်ပါတယ်။
တူညီတဲ့ သွေးပေါင်ချိန်အဖြေတစ်ခုတည်းကိုပဲ ဖုန်းတွေမှာ ချိတ်ဆက်ပြသမှာပါ။

Model နှစ်ခုစလုံးအတွက် သွေးပေါင်ချိန် တိုင်းတာပြီးရင်တော့ သင်အလိုရှိတဲ့ mobile device နဲ့ပဲ ချိတ်ဆက်ဖတ်ယူနိုင်ပါတယ်။
ဒီလိုလုပ်ပြီးရင်တော့ သွေးပေါင်ချိန် အဖြေကို တခြားစက်တစ်ခုကို ထပ်မံပြသပေးမှာ မဟုတ်ပါဘူး ။
ဒီနည်းလမ်းအတိုင်းပဲ နောက်ထပ် လူတွေနဲ့ တခြားသော mobile device တွေမှာ ထပ်မံတိုင်းတာနိုင်မှာ ဖြစ်ပါတယ်။

Model နှစ်ခုစလုံးအတွက် သွေးပေါင်ချိန် တိုင်းတာပြီးရင်တော့ သင်အလိုရှိတဲ့ mobile device နဲ့ပဲ ချိတ်ဆက်ဖတ်ယူနိုင်ပါတယ်။
ဒီလိုလုပ်ပြီးရင်တော့ သွေးပေါင်ချိန် အဖြေကို တခြားစက်တစ်ခုကို ထပ်မံပြသပေးမှာ မဟုတ်ပါဘူး ။
ဒီနည်းလမ်းအတိုင်းပဲ နောက်ထပ် လူတွေနဲ့ တခြားသော mobile device တွေမှာ ထပ်မံတိုင်းတာနိုင်မှာ ဖြစ်ပါတယ် ။

တခြားသော အကူအညီတောင်းစရာပါက healthcare-mm@omron.com ကို ဆက်သွယ်ပေးပါရန်။

အမေးများသော မေးခွန်းများပိုမိုသိရှိနိုင်ရန်အတွက်, ရှာဖွေပါ https://www.omronconnect.com/mm/en_gb/support/