Acknowledgement and Consent

Omron uses cookies to improve your experience on this website. By continuing to use the website, you hereby agree to our ကိုယ်ပိုင်လွတ်လပ်ခွင့် နှင့် Cokkie မူဝါဒ.

ပိတ်သည်။
Healthcare Asia Pacific
အိမ် > အမေးများသော မေးခွန်းများ > ကိုယ်အလေးချိန် တိုင်းတာခြင်း

အမေးများသော မေးခွန်းများ

ခန္ဓာကိုယ်အဆီရာခိုင်နှုန်းကို မည်သို့သတ်မှတ်သနည်း။

ခန္ဓာကိုယ်အဆီရာခိုင်နှုန်းဆိုသည်မှာ ခန္ဓာကိုယ်ရှိအဆီနှင့် ကိုယ်အလေးချိန်ကို အချိုးချထားခြင်း ဖြစ်သည်။

Lohman (၁၉၈၆)နှင့် Nagamine (၁၉၇၂)တို့ ထောက်ခံထားသည့် အဝလွန်ခြင်း အဓိပ္ပာယ်သတ်မှတ်ချက်ကို စံအဖြစ်အသုံးပြုသည်။

ခန္ဓာကိုယ်အဆီရာခိုင်နှုန်း သတ်မှတ်ချက်
အမျိုးသား အမျိုးသမီး
၅.၀ မှ ၉.၉% ၅.၀ မှ ၁၉.၉% -(နည်း)
၁၀.၀ မှ ၁၉.၉% ၂၀.၀ မှ ၂၉.၉% 0(ပုံမှန်)
၂၀.၀ မှ ၂၄.၉% ၃၀.၀ မှ ၃၄.၉% +(မြင့်)
၂၅.ဝ%မှ ၃၅.ဝ%နှင့်အထက် ++(အလွန်မြင့်)

ခန္ဓာကိုယ်ဖွဲ့စည်းပုံကို မည်သို့တွက်ချက်သနည်း။

အွမ်ရွန် ခန္ဓာကိုယ်ဖွဲ့စည်းပုံတွက်ချက်စက်သည် Bioelectrical Impedance (BI) နည်းပညာကိုအသုံးပြု၍ ခန္ဓာကိုယ်ရှိအဆီရာခိုင်နှုန်းကို တွက်ချက်ပေးသည်။

ကြွက်သားနှင့် သွေးကြောများသည် ရေဓာတ်မြင့်မားစွာပါဝင်သည့်အတွက် အလွယ်တကူ လျှပ်ကူးနိုင်သည်။ အဆီသည် လျှပ်ကူးနှုန်းနှေးသည်။

အွမ်ရွန် ခန္ဓာကိုယ်ဖွဲ့စည်းပုံတွက်ချက်စက်သည် လျှပ်ကူးမှု အလွန်နည်းသောပမာဏ 50kHz နှင့် 500μA အောက်နည်းသော လျှပ်စီးကိုသုံး၍ ခန္ဓာကိုယ်ရှိ အဆီပမာဏကို တွက်ချက်သည်။ ၎င်းမှာ

BIနည်းပညာသည် လျှပ်စီးခံနိုင်စွမ်းနှင့် လျှပ်ကူးနိုင်သည့်အကွာအဝေးကို စနစ်တကျ ပေါင်းစပ်ထားခြင်းဖြစ်သည်။

ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုသိရန်အတွက် စက်သည် အွမ်ရွန်၏ ကိုယ်ပိုင်အချက်အလက်များကို အသုံးပြု၍ သင်၏အရပ်၊ ကိုယ်လေးချိန်၊ အသက်၊ ကျား/မပေါ်မူတည်၍ သင့်တော်သည့် လျှပ်စီး‌‌ကြောင်းဟန့်တားမှုကို

ကိုယ်တွင်းအင်္ဂါအဆီဆိုသည်မှာ အဘယ်နည်း။

ကိုယ်တွင်းအင်္ဂါအဆီဆိုသည်မှာ ဝမ်းခေါင်းအတွင်းရှိ အဆီများကိုဆိုလိုခြင်းဖြစ်ပြီး ခန္ဓာကိုယ်၏ အရေးပါသည့်အစိတ်အပိုင်းများဖြစ်သည့် အသည်း၊ ပန်ကရိယနှင့် အူများတွင်တွေ့ရသည်။

ကိုယ်တွင်းအင်္ဂါအဆီကို အန္တရာယ်ရှိသည့်အဆီအဖြစ် သတ်မှတ်ထားပါသည်။ အကြောင်းမှာ ၎င်းသည် လေ့လာချက်များအရ ကျွန်ုပ်တို့ခန္ဓာကိုယ်၏ ဟော်မုန်းလုပ်ဆောင်ချက်များအပေါ် အန္တရာယ်ရှိသည့် အကျိုးသက်ရောက်မှုရှိသည့်အပြင် ဆီးချိုကဲ့သို့သော ရောဂါများဖြစ်နိုင်ချေကို မြင့်စေပါသည်။

တစ်ခါတစ်ရံ ခန္ဓာကိုယ်အဆီရာခိုင်နှုန်းနည်းသည့်အချိန်တွင် ကိုယ်တွင်းအင်္ဂါအဆီပမာဏများလာနိုင်ပါသည်။

ကိုယ်တွင်းအင်္ဂါအဆီပမာဏ သတ်မှတ်ချက်
၁ မှ ၉ 0(ပုံမှန်)
၁၀ မှ ၁၄ +(မြင့်)
၁၅ မှ ၃၀ ++(အလွန်မြင့်)

ကြွက်သားရာခိုင်နှုန်းကို မည်သို့သတ်မှတ်သနည်း။

အွမ်ရွန်၏ကိုယ်ပိုင် အချက်အလက်များအရ

ကြွက်သားရာခိုင်နှုန်း သတ်မှတ်ချက်
အမျိုးသား အမျိုးသမီး
၅.၀ မှ ၃၂.၈% ၅.၀ မှ ၂၅.၈% -(နည်း)
၃၂.၉ မှ ၃၅.၉၇ ၂၅.၉ မှ ၃၇.၉% 0(ပုံမှန်)
၃၅.၈ မှ ၃၇.၃% ၂၈.၀ မှ ၂၉.ဝ% +(မြင့်)
၃၇.၄ မှ ၆၀.ဝ% ၂၉.၁ မှ ၆၀.ဝ% ++(အလွန်မြင့်)

ပုံမှန်စွမ်းအင်လောင်ကျွမ်းနှုန်း (Resting Metabolism) RMကို သိရန် အဘယ်ကြောင့် အရေးကြီးသနည်း။

နေ့စဉ်စွမ်းအင်၏ ၆၀ မှ ၇၀% ကို အခြေခံစွမ်းအင်လောင်ကျွမ်းမှုအတွက်အသုံးပြုသည်။ ၂၀-၃၀% ကို နေ့စဉ်သွားလာလှုပ်ရှားမှုအတွက်သုံးပြီး ၁၀%ကို အစားအစာမှရသည့် အပူထုတ်လွှတ်မှုအတွက် အသုံးပြုသည်။

ပုံမှန်စွမ်းအင်လောင်ကျွမ်းနှုန်း RM ကို သိခြင်းဖြင့် အလွန်အကျွံစားခြင်းကို ရှောင်နိုင်ပြီး ကြွက်သားတက်စေသည်။

ကိုယ်တွင်း အသက်သည် မည်သည်ကိုဖော်ပြသနည်း။

ကိုယ်တွင်းအသက်သည် ပုံမှန် စွမ်းအင်လောင်ကျွမ်းနှုန်း RMကိုအခြေခံထားပြီး ဇီဝအသက်ကို တွက်ရန်သုံးသည်။

ကိုယ်တွင်းအသက်ကို သိခြင်းဖြင့် ကျန်းမာရေးတိုးတက်အောင် လုပ်နိုင်သည်။

စံခန္ဓာကိုယ်အလေးချိန်အညွှန်းကိန်း (BMI)ဆိုသည်မှာ အဘယ်နည်း။

အဝလွန်ခြင်းကို နိုင်ငံတကာစံနှုန်းများနှင့်အညီသတ်မှတ်ရန် စံခန္ဓာကိုယ်အလေးချိန်အညွှန်းကိန်းကို '၂၂' အဖြစ်သတ်မှတ်ထားသည်။
ကိုယ်အလေးချိန်မပြည့်ခြင်း = <၁၈.၅
ပုံမှန်အလေးချိန် = ၁၈.၅ မှ ၂၄.၉
ကိုယ်အလေးချိန်များခြင်း ၂၅ မှ ၂၉.၉
အဝလွန်ခြင်း ခန္ဓာကိုယ်အလေးချိန်အညွှန်းကိန်း ၃၀နှင့်အထက်

ခန္ဓာကိုယ်ဖွဲ့စည်းပုံကို တိုင်းတာရန် သတ်မှတ်ထားသည့်အချိန်ရှိပါသလား။

ခန္ဓာကိုယ်ဖွဲ့စည်းပုံကို တိုင်းတာရန် သတ်မှတ်ထားသည့်အချိန်မှာ မနက်ပိုင်း လေ့ကျင့်ခန်းမလုပ်ခင်၊ မစားမသောက်ခင် သို့မဟုတ် ရေမချိုးခင်ဖြစ်သည်။ နေ့စဉ် အချိန်မှန်မှန် တိုင်းခြင်းဖြင့် နှိုင်းယှဉ်ရလွယ်ကူပြီး တိုးတက်မှုကို သိနိုင်သည်။