Acknowledgement and Consent

Omron uses cookies to improve your experience on this website. By continuing to use the website, you hereby agree to our ကိုယ်ပိုင်လွတ်လပ်ခွင့် နှင့် Cokkie မူဝါဒ.

ပိတ်သည်။
Healthcare Asia Pacific
အိမ် > အမေးများသော မေးခွန်းများ > နာကျင်မှုကို ကုသခြင်း

အမေးများသော မေးခွန်းများ

လျှပ်စစ်သုံး အာရုံကြောနှိုးဆွနည်း (TENS) ဆိုသည်မှာ အဘယ်နည်း။

TENS ဆိုသည်မှာ ဆေးမသုံး၊ ခွဲစိတ်စရာ မလိုဘဲ နာကျင်သည့်နေရာအနားရှိ အရေပြားတွင် လျှပ်စစ်သုံးအာရုံကြောနှိုးဆွနည်းဖြင့် ကြွက်သားနှင့် အရိုးအဆစ်များ နာကျင်မှုကို သက်သာစေရန် တီထွင်ထားခြင်းဖြစ်သည်။

TENS က ဘာလုပ်ပေးသနည်း။

TENS သည် နာကျင်မှုကို ဦးနောက်သို့ မရောက်စေရန် တားဆီးပေးခြင်း၊ အန်ဒိုဖင်းဟုခေါ်သော သဘာဝ အကိုက်အခဲ ပျောက်ဆေးအား ထုတ်ရန်ကူညီပေးခြင်း၊ သွေးလည်ပတ်မှုကောင်းစေခြင်း စသည်ဖြင့် ကူညီပေးပါသည်။

အွမ်ရွန်နာကျင်မှု သက်သာစေသည့် ပစ္စည်းများနှင့် ပတ်သတ်၍ ပိုမိုသိရှိလိုပါက ဤတွင်နှိပ်ပါ။

TENS သည် မည်သို့အလုပ်လုပ်သနည်း။

TENS သည် နည်းလမ်းနှစ်မျိုးဖြင့် နာကျင်မှုကို သက်သာစေသည်။

စံကြိမ်နှုန်းမြင့်နည်းလမ်း
၁။ ကြိမ်နှုန်းအား တစ်စက္ကန့်လျှင် အကြိမ် ၆၀ နှင့် အထက် သတ်မှတ်ထားပါသည်။
၂။ ဓာတ်ငုတ်နှစ်ခုကြားတွင် တုန်ခါခြင်း သို့မဟုတ် ကျဉ်ခြင်းကို ဖြစ်စေသည်။
၃။ ခန္ဓာကိုယ်မှ ထုတ်လွှတ်သည့် နာကျင်မှုထက်ပိုသော လျှပ်စစ်ဓာတ်ကို ထုတ်လွှတ်ပေးသည်။ ၎င်းသည် နာကျင်မှုထက် ပိုအားပြင်းသောကြောင့် အာရုံကြောမှ ဦးနှောက်သို့ ပေးပို့သည့် နာကျင်မှုလမ်းကြောင်းကို ပိတ်ပင်ပေးသည်။
၄။ ရုတ်တရက်နာကျင်မှုကို သက်သာစေသည်။

ကြိမ်နှုန်းနိမ့်နည်းလမ်း
၁။ ကြိမ်နှုန်းအား တစ်စက္ကန့်လျှင် ၁၀ကြိမ်အောက် သို့မဟုတ် တစ်ချက်ချင်း နှိပ်သည့်ပုံစံဖြင့် သတ်မှတ်ထားပါသည်။
၂။ ကြွက်သားများ တဆတ်ဆတ်တုန်ခြင်းကို မျက်မြင်တွေ့နိုင်သည်။
၃။ ခန္ဓာကိုယ်မှ ဤလှုံ့ဆော်မှုအတွက် အန်ဒိုဖင်းဟုခေါ်သော သဘာဝအကိုက်အခဲပျောက်ဆေးအား ထုတ်ပေးသည်။
၄။ ၎င်းအန်ဒိုဖင်းသည် အာရုံကြောအား ဓာတုနည်းဖြင့် ပိတ်ပင်ပြီး နာကျင်သည့် ခံစားမှုအား အာရုံကြောတစ်လျှောက် ပျံ့မသွားစေရန် တားဆီးပေးသည်။
၅။ နာတာရှည် နာကျင်မှု၊ အကြောတောင့်တင်းမှုနှင့် ထုံကျင်ခြင်းများကို သက်သာစေသည်။

TENS သည် ကျွန်ုပ်၏ နာကျင်ခြင်းအား မည်သို့ သက်သာစေသနည်း။

ဆေးမလိုဘဲ ရိုးရှင်းသည့် နည်းလမ်းဖြင့် ကြွက်သားနှင့် အရိုးအဆစ်များ နာကျင်မှုကို သက်သာစေပါသည်။ သင်ကိုယ်တိုင်ထိန်းချုပ်နိုင်ပြီး နာကျင်သည့်နေရာတွင် ညင်သာစွာနှိပ်နယ်ပေးခြင်းဖြင့် သက်သာစေပါသည်။

အွမ်ရွန်နာကျင်မှုသက်သာစေသည့် ပစ္စည်းများနှင့် ပတ်သတ်၍ပိုမိုသိရှိလိုပါက ဤတွင်နှိပ်ပါ။

TENS သည် စိတ်ချရပါသလား။

TENS သည် ဆေးပညာရှင်များ ညွှန်ကြားထားပြီး သမားတော်များ၊ အကြောပြင်အထူးကုများ၊ ကိုယ်လက်ပြန်လည်သန်စွမ်းရေးအထူးကုများ နာကျင်မှုသက်သာစေရန် နှစ်၃၀ကြာအောင် သုံးစွဲခဲ့ကြပြီး ဖြစ်သည်။

အွမ်ရွန်နာကျင်မှုသက်သာစေသည့် ပစ္စည်းများနှင့် ပတ်သတ်၍ပိုမိုသိရှိလိုပါက ဤတွင်နှိပ်ပါ။

TENS ကို မည်သူတို့ သုံးစွဲနိုင်သနည်း။

ကြွက်သားနှင့် အရိုးအဆစ်နာကျင်သည့် အရွယ်ရောက်ပြီးသားမည်သူမဆို သုံးနိုင်သည်။ သို့သော် ကလေးများ၊ ကိုယ်ဝန်ဆောင်များ၊ ခန္ဓာကိုယ်တွင်စက်ထည့်ထားသည့်သူများ အသုံးမပြုသင့်ပါ။ သင်၏ ကျန်းမာရေးနှင့် ပတ်သတ်၍ သိလိုပါက ဆရာဝန်အား မေးမြန်းပါ။

ကပ်ခွာများကို မည်မျှကြာအောင်အသုံးပြုနိုင်သနည်း။

ကပ်ခွာများကို အကြိမ်၁၅၀ သို့မဟုတ် နေ့စဉ်သုံးမည်ဆိုလျှင် ၅ လ အသုံးပြုနိုင်သည်။ ကပ်ခွာများကို ကပ်ခွာထည့်သည့်အိတ်တွင် သိမ်းဆည်းပြီး လိုအပ်ပါက သန့်ရှင်းရေးလုပ်ပါ။ ၁၀ ကြိမ်အထိ သန့်ရှင်းရေး လုပ်နိုင်သည်။

ကပ်ခွာများအား မည်မျှ အကွာအဝေး ခြားထားရမည်နည်း။

ကပ်ခွာများအား ခြောက်သွေ့သန့်ရှင်းသည့် အရေပြားပေါ်တွင် အနည်းဆုံး ၁ လက်မ ခန့်ခွာထားပါ။ ကပ်ခွာများသည် အချင်းချင်း ထိမနေရ။ ထပ်မနေရ။