Acknowledgement and Consent

Omron uses cookies to improve your experience on this website. By continuing to use the website, you hereby agree to our ကိုယ်ပိုင်လွတ်လပ်ခွင့် နှင့် Cokkie မူဝါဒ.

ပိတ်သည်။
Healthcare Asia Pacific
အိမ် > အမေးများသော မေးခွန်းများ > ကိုယ်အပူချိန် တိုင်းတာခြင်း

အမေးများသော မေးခွန်းများ

ပုံမှန်ခန္ဓာကိုယ်အပူချိန်သည် မည်မျှဖြစ်သနည်း?

ပုံမှန်ခန္ဓာကိုယ်အပူချိန်သည် 36.5-37.5’C ခန့်တွင် ရှိပြီး ကျားမ၊ အသက်အရွယ်တို့အပေါ်မူတည်ပြီး ပြောင်းလဲမှုရှိနိုင်ပါသည်။ ထို့အပြင် ပုံမှန်ခန္ဓာကိုယ်အပူချိန်သည် ကိုယ်လက်လှုပ်ရှားမှုနှင့် ရာသီဥတုကဲ့သို့ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်၍လည်း ပြောင်းလဲနိုင်ပါသည်။ ပုံမှန်ခန္ဓာကိုယ်အပူချိန်သည် မည်သည့်ရက်တွင်မဆို အပြောင်းအလဲဖြစ်နိုင်ပါသည်။ များသောအားဖြင့် ညနေခင်းတွင် ကိုယ်အပူချိန်အများဆုံးဖြစ်တတ်သည်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပြုလုပ်ပြီးချိန်တွင်လည်း ကိုယ်အပူချိန်မြင့်တက်လေ့ရှိပါသည်။

ပုံမှန်ခန္ဓာကိုယ်အပူချိန်သည် ကိုယ်တွင်းရှိ ဆဲလ်များ ပုံမှန်အလုပ်လုပ်နိုင်ရန် အရေးကြီးပါသည်။ အပူထုတ်ခြင်းနှင့် အပူလျော့နည်းခြင်းကို ပင်မအာရုံကြောစနစ်နှင့် ကိုယ်တွင်းရှိ ကလီစာများက ပူးပေါင်းထိန်းညှိလုပ်ဆောင်ပါသည်။ ထိုလုပ်ငန်းစဉ်ကို အပူထိန်းညှိခြင်းဟုခေါ်ပြီး ကိုယ်တွင်းအပူချိန်ကို တည်ငြိမ်အောင်လုပ်ပေးခြင်းဖြင့် အရေးကြီးသော ဇီဝဖြစ်စဉ်များကို ပုံမှန်အတိုင်း အလုပ်လုပ်နိုင်အောင် ကူညီပေးပါသည်။

ကျွန်ုပ်တို့၏ ပုံမှန်ခန္ဓာကိုယ်အပူချိန်မှာ မည်မျှဖြစ်သနည်း?

လူတစ်ယောက်နှင့် တစ်ယောက် ပုံမှန်ခန္ဓာကိုယ်အပူချိန် မတူညီသလို အချိန်နှင့်အမျှလည်း ပြောင်းလဲနိုင်ပါသည်။

ပုံမှန်ခန္ဓာကိုယ် အပူချိန်ကို အောက်ပါ အခြေအနေများတွင် မှန်ကန်စွာတိုင်းတာပြီးသိရှိနိုင်ပါသည်။

Omron မှထုတ်လုပ်သော သာမိုမီတာအမျိုးမျိုးအကြောင်း လေ့လာရန် ဤနေရာကိုနှိပ်ပါ

ခန္ဓာကိုယ်တွင်တိုင်းတာသည့်နေရာပေါ်မူတည်၍ အပူချိန်အပြောင်းအလဲရှိပါသလား?

ရှိပါသည်။ စအိုတွင်တိုင်းတာခြင်းသည် အတိကျဆုံးဖြစ်ပြီး 37.0-37.5 °C (98.6-99.5 °F) ရှိပါသည်။ ပါးစပ်မှတိုင်းတာပါက ပို၍နည်းသောပမာဏဖြစ်သည့် 36.8° ± 0.4 °C (98.2° ± 0.7 °F) ရရှိပြီး ဂျိုင်း၊ နားရွက်နှင့် နဖူးကဲ့သို့ အရေပြားပေါ်တိုင်းတာခြင်းများသည် ကိုယ်တွင်းအပူချိန်နှင့်မနီးစပ်သောကြောင့် အနည်းဆုံးရလဒ်ဖြစ်သည့် 36.5 °C (97.7 °F) ခန့်ရရှိပါသည်။

Omron မှထုတ်လုပ်သော သာမိုမီတာအမျိုးမျိုးအကြောင်း လေ့လာရန် ဤနေရာကိုနှိပ်ပါ

ဖျားနာခြင်းဆိုသည်မှာ အဘယ်နည်း?

ပုံမှန်ခန္ဓာကိုယ်အပူချိန်ထပ်မြင့်မားလာခြင်းကို ဆေးပညာအရဖျားနာခြင်းဟု သတ်မှတ်ပါသည်။ ဆေးပညာအရကိုယ်တွင်းအပူချိန် 38’C ထပ်ကျော်မှသာ ထူးခြားမှုရှိသည်ဟု သတ်မှတ်ပါသည်။

ပိုးဝင်ခြင်း သို့မဟုတ် ရောင်ရမ်းခြင်းဖြစ်သည့်အခါ ကိုယ်တွင်းခုခံမှုစနစ်မှ ထုတ်လုပ်လိုက်သည့် တချို့ ဓာတုဓာတ်များကြောင့် ဖျားနာလေ့ရှိပါသည်။ ဖျားနာတိုင်း ဆေးကုသမှုခံယူရန်မလိုအပ်သော်လည်း ကလေးငယ်များတွင်မူ အပူချိန်အလွန်မြင့်လာခြင်းနှင် တခြားစိုးရိမ်စရာလက္ခဏာများပေါ်လာပါက ဆရာဝန်နှင့် ပြသတိုင်ပင်ရမည်ဖြစ်ပါသည်။

ဘာကြောင့် ဖျားနာတာလဲ?

ဖျားနာစေနိုင်သော အကြောင်းများစွာရှိပါသည်။ များသောအားဖြင့် တုပ်ကွေး၊ အဆုတ်ရောင်ခြင်းကဲ့သို့ ကူးစက်ရောဂါများကြောင့်ဖြစ်တတ်ပြီး ရံဖန်ရံခါတွင် ကိုယ်တွင်းဟော်မုန်းမမျှတခြင်း၊ ဇီဝဖြစ်စဉ်ဆိုင်ရာ ပြဿနာများနှင့် အဆစ်အမြစ်ရောင်ခြင်းကဲ့သို့ ရောင်ရမ်းသည့်ပြဿနာများအပြင် နေလောင်ဒဏ်ဆိုးဆိုးဝါးဝါးခံရခြင်း၊ ကာကွယ်ဆေးထိုးခြင်းနှင့် တချို့ဆေးဝါး များကြောင့်လည်း ဖြစ်တတ်ပါသည်။

တစ်ခါတစ်ရံတွင် ဖျားနာရသည့်အကြောင်းကို ရှာမတွေ့ပဲဖြစ်တတ်ပါသည်။ အကယ်၍ သင့်အနေဖြင့် ကိုယ်အပူချိန် 38.3’C သို့မဟုတ် ထိုပမာဏထက်များသော အပူချိန်ကို ခံစားရသည်မှာ အချိန် ၃ ပတ်ထက် ကျော်လွန်လာပြီး ဆရာဝန်၏ စမ်းသပ်မှုများခံယူပြီးသည့်တိုင် တိကျသောအကြောင်းအရင်းကို မတွေ့ရှိပါက အကြောင်းအရင်းမသိပဲဖျားနာခြင်း အဖြစ်သတ်မှတ်မည်ဖြစ်ပါသည်။

သာမိုမီတာကို အရက်ပြန်နဲ့သုတ်လို့ရပါသလား?

ဓာတုပစ္စည်းများဖြင့် ပိုးသတ်ခြင်း (အရက်ပြန်လည်းပါဝင်ပါသည်) သည်သာမိုမီတာ၏ မျက်နှာပြင်တွင် ပြောင်းလဲမှုများဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့် မည်သည့် ဓာတုပစ္စည်းနှင့်မျှ ပိုးသတ်ခြင်းမပြုပါနှင့်။

Pencil thermometer ကို ရိုးရိုးအစွန်းချွတ်ဆေးပါဝင်သော အဝတ်စဖြင့် သန့်ရှင်းပေးနိုင်ပါသည်။

Forehead thermometer MC-720 ဘယ်လိုအလုပ်လုပ်သလဲ?

ယခုစက်သည် နဖူးအပူချိန်ကို အရေပြားပေါ်မှထုတ်လွှတ်သော Infrared Emission (သာမန်မျက်စိဖြင့်မမြင်နိုင်သောထုတ်လွှတ်မှု) များကို တိုင်းတာပြီး အဆင့်မြင့် Algorithm ဖြင့်အသုံးပြုတွက်ချက်ကာ ပါးစပ်အပူချိန်ကိုအဖြေထုတ်ပေးခြင်း ဖြစ်ပါသည်။

Forehead Thermometer ဖြင့်တိုင်းတာမှုရလဒ်များတွင် မည်သို့ကြောင့် ကွာခြားချက်များရှိနေရသနည်း?


ဖျားနာတာကိုကုသဖို့လိုသလား?

ဖျားနာခြင်းသည် နေထိုင်မကောင်းဖြစ်ခြင်းမဟုတ်ပဲ ခန္ဓာကိုယ်၏ ခုခံကာကွယ်သော လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။

သို့သော် ကိုယ်အပူချိန် 39.4°C ထက်ကျော်လွန်လာပါက အပူချိန်လျော့နည်းစေရန် တစ်ခုခုပြုလုပ်ရမည်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော ခန္ဓာကိုယ်အနေဖြင့် ကိုယ်တွင်းအပူချိန်ကို ဆက်လက်မထိန်းချုပ်နိုင်တော့သောကြောင့်ဖြစ်ပါသည်။

ထိုအခြေအနေတွင် အဖျားကျဆေးများသောက်သုံးခြင်း သို့မဟုတ် ရေချိုးခြင်းများပြုလုပ်နိုင်ပါသည်။ ဖြစ်ပွားရသည့်အကြောင်းရင်း၊ လူနာ၏အသက်အရွယ်နှင့် အခြေအနေပေါ်မူတည်၍ ဆရာဝန်အနေဖြင့် ကုသရမည့်နည်းလမ်းချမှတ်ပေးမည်ဖြစ်ပါသည်။ ကူးစက်ရောဂါကြောင့်ဖြစ်ပါက ပိုးသတ်ဆေးဝါးများသောက်ရန်လိုအပ်ပါသည်။

မည်သို့ပင်ဖြစ်စေ ရေဓာတ်ဆုံးရှုံးမှုမှကာကွယ်ရန် ရေများများသောက်ပေးရန်လိုအပ်ပါသည်။

ကလေးငယ်များတွင်မူ အဖျားငွေ့ငွေ့ဖျားခြင်းသည်ပင် အထူးဂရုစိုက်ရန်လိုအပ်ပြီး ကိုယ်အပူချိန်လျှော့ချရန် မြန်မြန်လုပ်ဆောင်ရမည်ဖြစ်သည်။ (ဆေးမသောက်မှီ ရေချိုးပေးခြင်း၊ ရေပတ်တိုက်ခြင်းများ ပြုလုပ်ပေးနိုင်သည်)

အသက် ၄လအောက် ကလေးငယ်များတွင် စအိုတွင်းအပူချိန်သည် 38°C နှင့်အထက်ဖြစ်သွားပါက အသက်အန္တရာယ်စိုးရိမ်ရသည့်အတွက် ဆရာဝန်နှင့် ချက်ခြင်းပြသခြင်း၊ အရေးပေါ်ကုသခန်းသို့ချက်ခြင်းသွားရောက်ပြသခြင်း ပြုလုပ်ရန်လိုအပ်ပါသည်။

မည်သည့်အသက်အရွယ်ရှိသည့်ကလေးမဆို အပူချိန် 40°C နှင့်အထက်ရောက်ရှိပါက အလားတူဆောင်ရွက်ရန်လိုအပ်ပါသည်။

မည်သည့်အတွက်ကြောင့် Forehead thermometer တွင်ပြသောအပူချိန်သည် များနေရသနည်း?

- ဤစက်ပစ္စည်းကို အေးသောနေရာတွင် သိမ်းဆည်းထားရပါသည်။ အေးသောနေရာတွင်သိမ်းဆည်းထားရခြင်းကြောင့် ပုံမှန်အခန်းအပူချိန်ရှိသောနေရာသို့ယူဆောင်လာ၍ ချက်ခြင်း အပူချိန်တိုင်းတာလိုက်ပါက ရလာသောအဖြေသည် များနေရခြင်းဖြစ်ပါသည်။ အသုံးပြုမည့်နေရာတွင် အနည်းဆုံး မိနစ် ၃၀ ခန့်ထ

Ear thermometer ကိုမည်သို့ ပိုးသတ်ရမည်နည်း?

Probe သည် ear thermometer ၏ အနူးညံ့ဆုံးအပိုင်းဖြစ်ပါသည်။ ကိရိယာ၏အဓိကနေရာကို နူးညံ့ခြောက်သွေ့သော အဝတ်စဖြင့် သုတ်လိုက်ပါ။ Thinner, benzine သို့မဟုတ် တိုက်စားနိုင်သည့် cleaner များဖြင့် ဘယ်သောအခါမှ မဆေးကြောပါနှင့်။

Infrared sensor ညစ်ပတ်နေပါက နူးညံ့ခြောက်သွေ့သောအဝတ်စ သို့မဟုတ် ဂွမ်းစဖြင့် ညင်သာစွာသန့်စင်ပေးပါ။ တစ်ရှုး သို့မဟုတ် သဘက်ဖြင့် infrared sensor ကိုသန့်ရှင်းရေးမလုပ်ပါနှင့်။

မည်သည့်အတွက်ကြောင့် Forehead thermometer တွင်ပြသောအပူချိန်သည် နည်းနေရသနည်း?

- ခန္ဓာကိုယ်မှချွေးထွက်ပါသည်။ ထို့ကြောင့် ရေချိုးခြင်း၊ ရေကူးခြင်း၊ သို့မဟုတ် လေ့ကျင့်ခန်းလုပ်ပြီး ချွေးထွက်များနေသည့်အချိန်တွင် အရေပြားအပူချိန်ကျဆင်းနေနိုင်သောကြောင့် တိုင်းတာခြင်းမပြုပါနှင့်။ ချွေးသုတ်ပြီး အခန်းအပူချိန်နှင့် ကိုက်ညီအောင် နာရီဝက်ခန့်နားန
- Probe lens ညစ်ပတ်နေပါက အရက်ပြန် ၇၀% ပါဝင်သည့် နူးညံ့ခြောက်သွေ့သော အဝတ်စဖြင့် သန့်ရှင်းပေးပါ
- တိုင်းတာခြင်းကို surface temperature mode အသုံးပြု၍ ပြုလုပ်လိုက်ခြင်းကြောင့်ဖြစ်နိုင်သဖြင့် forehead measurement mode ဖြင့်တိုင်းတာကြည့်ပေးပါ
- အေးသောရာသီဥတုနှင့် B53ထိတွေ့ပြီးပြီးခြင်း မတိုင်းတာသင့်သောကြောင့် နဖူးနွေးသွားသည်အထိ စောင့်ပါ
- နဖူးမှလွဲ၍ တခြားနေရာတွင်တိုင်းတာသောကြောင့်ဖြစ်သည်

နဖူးတွင်သာတိုင်းတာပါ၊ နဖူးမှလွဲ၍ တခြားနေရာများ (ဥပမာ-ဦးရေပြား) ပေါ်တွင် တိုင်းတာမှုမပြုရပါ